ရွေးကောက်ပွဲ အချိန်စော ကျင်းပဖို့ ဂျပန် ဝန်ကြီးချုပ် ပြော

  • 18 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဧပြီလက အရောင်းခွန် တိုးမြှင့်ခဲ့လို့ ဝယ်လိုအားတွေ ကျဆင်းခဲ့ရ

ဂျပန် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် ၂ နှစ် လိုနေသေး ပေမယ့် လာမယ့် လထဲမှာပဲ အချိန်စော ကျင်းပဖို့ ဂျပန် ဝန်ကြီးချူပ် ရှင်ဇို အဘေးက တောင်းဆို လိုက်ပါတယ်။

ဒါ့အပြင် ဂျပန် နိုင်ငံမှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု တန်ဖိုးတွေ ကျဆင်းနေတဲ့ အပေါ် ကြိုးစား ကိုင်တွယ် နေရတာကို ထိခိုက် နိုင်တဲ့ အတွက် အရောင်းခွန် တိုးမြှင့်မယ့် အစီအစဉ်ကို လည်း ရွှေ့ဆိုင်း လိုက်ကြောင်း မစ္စတာ အဘေးက ကြေညာ ခဲ့ပါတယ်။

မစ္စတာ အဘေးဟာ ဂျပန်ရဲ့ စီးပွားရေးကို ပြန်လည် ထိန်းကွပ်မယ့် သူ့ရဲ့ အစီအစဉ်ကြောင့် လွန်ခဲ့တဲ့ ၂ နှစ်က ရွေးကောက် ခံခဲ့ရတာ ဖြစ်ပြီး အခုချိန် အထိတော့ စီးပွားရေး ပြန်လည် ဦးမော့ လာဖို့အတွက် ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ လတုန်းက ပြည်သူတွေရဲ့ အကြွေးတွေကို ထိန်းကွပ်ဖို့ အရောင်းခွန်တွေ တိုးမြှင့် ကောက်ခံ ခဲ့ရာမှာ ဝယ်လိုအား ကျဆင်းပြီး ဂျပန် နိုင်ငံရဲ့ စီးပွားရေး ကျဆင်း ခဲ့ရပါတယ်။

ဂျပန်ရဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက် ပါတီဟာ လက်ရှိ အနေအထားမှာ လွှတ်တော် ၂ ခုစလုံးမှာ နေရာ အများစု ရရှိထားတာကြောင့် အဓိက အတိုက်အခံ ပါတီက အင်အား လျော့နည်း နေတဲ့ အခု အချိန်ကို အခွင့်ကောင်းယူကာ ဝန်ကြီးချူပ် အဘေး အနေနဲ့ နောက်ထပ် သက်တမ်း ၄ နှစ် ရဖို့ ရည်ရွယ်ပြီး အခုလို ရွေးကောက်ပွဲ အချိန်စော ကျင်းပလိုတာ ဖြစ်နိုင်တယ်လို့ သုံးသပ် သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ