ဂျေရုဆလင်မှာ ဂျူး ဝတ်ပြုသူတွေကို ပါလက်စတိုင်း ၂ဦးက သတ်ဖြတ်

  • 18 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption နှစ်ပေါင်း များစွာအတွင်း ဂျေရူဆလင်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်

ဂျေရူဆလင်မြို့ အနောက်ပိုင်းက ဂျူး ဘာသာရေး ဝတ်ကျောင်းတော် တစ်ခုမှာ သေနတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေ ကိုင်ဆောင် ထားတဲ့ ပါလက်စတိုင်း ၂ ဦး တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ၄ ဦး သေဆုံး သွားပြီး ၈ ဦး ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။

တိုက်ခိုက် ခဲ့သူတွေလည်း အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး သွားပါတယ်။

ဒါဟာ နှစ်ပေါင်း များစွာ အတွင်း ဂျေရူဆလင်မှာ အဆိုးရွားဆုံး တိုက်ခိုက် ခံရမှု ဖြစ်ပါတယ်။

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အက်ဘာ့စ် တို့ရဲ့ လှုံ့ဆော် သွေးထိုး မှုတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ် ရတာလို့ အစ္စရေး ဝန်ကြီးချူပ် ဘင်ဂျမန် နေတန်ညာဟု က စွပ်စွဲ လိုက်ပါတယ်။

ဂျေရူဆလင်မ် မြို့တော်ဝန် နာ ဘာကတ် ကလည်း ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောရာမှာ ဝတ်ကျောင်းတော် တစ်ခုထဲကို ဝင်ပြီး ဝတ်ပြု ဆုတောင်း နေသူတွေကို သားသတ်ဓားနဲ့ သတ်ဖြတ်တယ် ဆိုတဲ့ အပြု အမူမျိုးကို လူသား စင်စစ်တွေ မကျူးလွန်ဘူးလို့ ပြောပါတယ်။

ပါလက်စတိုင်း တွေရော အစ္စရေးတွေပါ သေဆုံး ကြရတဲ့ အခုလို အကြမ်းဖက်မှုတွေ ပေါက်ကွဲ ထွက်ပေါ်လာတာဟာ အစ္စရေး ဝန်ကြီးချူပ် နေတန်ညာဟုရဲ့ အပြုအမူ တွေကြောင့် ဖြစ်တယ်လို့ ပါလက်စတိုင်း ဘက်က ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ မာစတာဖာ ဘာဂေါက်တီ ကတော့ တုန့်ပြန် ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ