နျူကလီးယား စမ်းသပ်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်

  • 20 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကြောင့် ကင်ဂျုံအန်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ICC မှာ အမှုရင်ဆိုင် ရဖွယ် ရှိနေ

မြောက်ကိုရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ ရုံးတင် စစ်ဆေးဖို့ ကုလသမဂ္ဂက ကော်မီတီက ဆုံးဖြတ်ချက် ချခဲ့ အပြီးမှာ မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှု တစ်ခု လုပ်မယ်လို့ ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။

ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ မြောက်ကိုရီးယား အစိုးရကို ရုံးတင် စစ်ဆေး နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အဆုံးအဖြတ်ကို ရယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီက ဆုံးဖြတ် ခဲ့တာပါ။

မြောက်ကိုးရီးယား အစိုးရက ဒါဟာ နိုင်ငံရေး အရ ရန်စမှုကြီး ဖြစ်ပြီး နောက်ထပ် နျူကလီးယား စမ်းသပ်မှု တစ်ခု ထပ်လုပ်ရုံက လွဲလို့ တခြား နည်းလမ်း မရှိတော့ဘူးလို့ ပြောပါတယ်။

မြောက်ကိုးရီးယား အစိုးရရဲ့ ရုပ်မြင်သံကြားကနေ ကြေညာရာမှာ အခု နောက်ဆုံး ဖြစ်ခဲ့တဲ့ တင်းမာမှုဟာ မြောက်ကိုရီးယား နိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ ပေါ်လစီ ကြောင့် ဖြစ်ကြောင်း၊ ဒါ့ကြောင့် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စမ်းသပ်မှု အသစ် တခု လုပ်ရတော့မှာ ဖြစ်ကြောင်း၊ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ အဲဒီ ဆုံးဖြတ် ပြဋ္ဌာန်းချက်ကို အဓိက ရေးဆွဲသူနဲ့ နောက်လိုက်တွေ မှာပဲ တာဝန်ရှိကြောင်း ထုတ်ဖော် ကြေညာသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ