လူဝင်မှုကြီးကြပ်ရေး အပေါ် သမ္မတအိုဘားမား ပြင်ဆင်

  • 21 နိုဝင်ဘာ 2014
_barack_obama_ ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန်မှာ တရားမဝင်နေသူ ၅ သန်းလောက် တရားဝင် နေထိုင်ခွင့် ရလာနိုင်မယ်။

အမေရိကန် ပြည်ထောင်စု ရဲ့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပတ်သက်လို့ ဆယ်စုနှစ်တွေ အတွင်း အပြောင်းအလဲ ကြီးကြီးမားမား နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေမယ့် အချက်တွေကို သမ္မတ အိုဘားမားက ကြေညာဖို့ ရှိနေပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်း တရားမဝင် နေထိုင်နေသူ ၅ သန်းလောက်ကို တရားဝင် နေထိုင်ခွင့် ယာယီ အဆင့်အတန်းတစ်ခု သမ္မတ အိုဘားမား အနေနဲ့ သတ်မှတ် ပေးလာမယ် လို့ မျှော်လင့် ရပါတယ်။

ဒီအထဲက အတော်များများဟာ အမေရိကန် နိုင်ငံသား ဖြစ်နှင့်သူ ဒါမှမဟုတ် အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်း နေထိုင်ခွင့် ရရှိ နှင့်ပြီးသူတွေရဲ့ မိဘတွေ ဖြစ်ကြပါတယ်။

သမ္မတ အိုဘားမား က သူ့ရဲ့ အုပ်ချူပ်ရေး အာဏာကို အသုံးပြုပြီး ဒီလို လူဝင်မှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်လာမယ့် အပေါ်၊ အတိုက်အခံ ရီပတ်ဘလီကန်တွေ ကတော့ ဒေါသတကြီး ကန့်ကွက် နေပါတယ်။

ကွန်ဂရက်စ် လွှတ်တော်ကို မတင်ပြပဲ သမ္မတဟာ ဘုရင်လို ပြုမူ နေတယ်လို့လည်း ဝေဖန်ကြပါတယ်။

ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အမေရိကန် လူဝင်မှုစံနစ်ကို ကွန်ဂရက်စ် အနေနဲ့ ပြင်ဆင်ဖို့ အကြိမ်ကြိမ် ပျက်ကွက် ခဲ့တာတွေကြောင့်၊ သူ့အနေနဲ့ တကိုယ်တော် ဆောင်ရွက်ရတာ ဖြစ်တယ် ဆိုပြီး၊ သမ္မတ အိုဘားမား က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ