တောင်အာဖရိကမှာ ကြံ့ကောင်ရေ စံချိန်တင် အသတ်ခံရ

  • 20 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ၄ နှစ်အတွင်း ကြံ့ မွေးဖွားနှုန်းထက် သေနှုန်းက ပိုများလာဖွယ် ရှိဟုဆို

တောင်အာဖရိက နိုင်ငံမှာ ကြံ့တွေကို ခိုးဖမ်းပြီး သတ်ဖြတ် နေသူတွေကြောင့် အခုနှစ် အတွင်း ကြံ့တွေ စံချိန် တင်ရလောက်အောင် သေဆုံး ခဲ့ပါတယ်။

ကြံတွေ သတ်ဖြတ် ခံနေရမှုကို တားဆီးဖို့ လှုပ်ရှားမှုကြီး တစ်ခု လုပ်နေတဲ့ ကြားက ၂၀၁၄ ခုနှစ် အတွင်း ကြံ့ ကောင်ရေပေါင်း ၁၀၂၀ သေဆုံးခဲ့ ပြီးပြီလို့ တောင်အာဖရိက အစိုးရက ပြောပါတယ်။

၂၀၁၃ ခုနှစ် တုန်းကလည်း တောင်အာဖရိက နိုင်ငံမှာ ကြံ့ကောင်ရေ ၁၀၀၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ကြံ့ရိုင်း စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တောင်အာဖရိက နိုင်ငံက ဖြစ်ပေမယ့် ကြံ့ချိုတွေကို အာရှ စျေးကွက်မှာ ရောင်းချဖို့ အတွက် ကြံ့တွေကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်နေတဲ့ အန္တရာယ်နဲ့ အခုလို ရင်ဆိုင် နေရတာပါ။

သဘာဝ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူတွေက အခြေအနေဟာ အတော်လေးကို ဆိုးရွား လာနေပြီး တကယ်လို့ ဒီနှုန်းအတိုင်း ကြံ့တွေကို ဆက်လက် ဖမ်းဆီး သတ်ဖြတ် နေမယ် ဆိုရင် လာမယ့် ၄ နှစ် အတွင်း ကြံ့ မွေးဖွားနှုန်းထက် သေဆုံးတဲ့ နှုန်းက ပိုများလာနိုင်ဖွယ် ရှိကာ မျိုးတုန်းတဲ့ အထိ ဖြစ်သွား နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ