အမေရိကန် မြောက်ပိုင်းမှာ နှင်းမုန်တိုင်းတွေ ထပ်တိုက်မယ်

  • 20 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဘက်ဖလို မြို့မှာ ဆီးနှင်းထု ၅ ပေ အထိ ကျဆင်းခဲ့ပြီး ထပ်မံ ကျဆင်းနိုင်

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က လူ ၇ ဦး သေဆုံး ခဲ့ရတဲ့ ထုထည် ကြီးမားတဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ် ခဲ့ပြီးနောက် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ နောက်ထပ် ဆီးနှင်းထု ၃ ပေ အထိ ထပ်မံ တိုက်ခတ် ကျဆင်း နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

နယူးယောက် ပြည်နယ်၊ ဘက်ဖလို မြို့က တချို့ နေရာတွေမှာ ဆီးနှင်းထုဟာ ၅ ပေ အထိ ကျဆင်း ခဲ့ပြီး ဖြစ်ကာ အခုလို အချိန်မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်တာဟာ သမိုင်းတွင်တဲ့ အဖြစ်အပျက် ဖြစ်ကြောင်း နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။

တခြား ပြည်နယ် အများအပြား မှာလည်း အေးခဲတဲ့ အထိ အပူချိန် ကျဆင်းမှုတွေနဲ့ ကြုံနေကြရပြီး လျှပ်စစ် ဓာတ်အား လိုင်းတွေနဲ့ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေကို အကြီးအကျယ် ထိခိုက် နေပါတယ်။

လူတော်တော် များများဟာ နေအိမ်တွေနဲ့ ကားတွေထဲမှာ ပိတ်မိနေကြပြီး အချို့ ပြည်နယ်တွေမှာ ကျောင်းတွေလည်း ပိတ်ထား လိုက်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ