ယူ​က​ရိန်း ပြည်​သူ​တွေ အိပ်မက် မှန်​လာ​ပြီ​လို့ သမ္မတ ပို​ရို​ရှဲန်​ကို ပြော

  • 22 နိုဝင်ဘာ 2014
protester_euromaidan_independence_ ဓာတ်ပုံ မူပိုင် Reuters
Image caption ယနုကိုဗစ်ချ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြပွဲ နှစ်ပတ်လည်မှာ လွတ်လပ်ရေး ရင်ပြင်ကို လူတွေ စုရုံး ရောက်ရှိ။

ယူကရိန်း နိုင်ငံမှာ သမ္မတဟောင်း ဗစ်တာ ယနုကိုဗစ်ချ် ကို ဖြုတ်ချ နိုင်ခဲ့တဲ့၊ ဥရောပ အပေါ် လိုလားကြောင်း ပြသခဲ့တဲ့ ဆန္ဒပြပွဲတွေ ရဲ့ တစ်နှစ်မြောက် အထိမ်းအမှတ် အဖြစ် မြို့တော် ကိယက်ဗ် ရဲ့ လွတ်လပ်ရေး ရင်ပြင်မှာ ထောင်ပေါင်း များစွာသော လူတွေ စုဝေး နေကြပါတယ်။

လက်ရှိ သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က ယူကရိန်း ပြည်သူတွေ ရဲ့ အိမ်မက်ဟာ တဖြည်းဖြည်း နဲ့ အကောင်အထည် ပေါ်လာပြီ လို့ လူထုကြီးကို ပြောကြား ခဲ့တာကို ရုပ်မြင်သံကြား ကလည်း ထုတ်လွှင့် ပြသခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်း နိုင်ငံမှာ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်နဲ့ ဆန္ဒ ထုတ်ဖော်ခွင့် တွေ ပြန်လည် ရရှိလာပြီး၊ ဥရောပ သမဂ္ဂနဲ့လည်း အတူ ပူးတွဲ လုပ်ဆောင် ကြဖို့ သဘောတူမှု စာချူပ် ရေးထိုးခဲ့ နိုင်ပြီလို့ လည်း မစ္စတာ ပိုရိုရှဲန်ကို က ပြောခဲ့ပါတယ်။

ကိယက်ဗ် မြို့တော်မှာ ရောက်ရှိနေတဲ့ အမေရိကန် ဒု သမ္မတ ဂျိုး ဘိုင်ဒဲန် ကလည်း၊ ယူကရိန်း အရှေ့ဘက်ခြမ်းက ပဋိပက္ခတွေ ပြေလျော့ဖို့၊ လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေ အပေါ် ရုရှား အနေနဲ့ ချိုးဖောက် ခဲ့တယ် ဆိုပြီး ပြစ်တင် ဝေဖန် ခဲ့ပါတယ်။