၂၀၁၅ ထဲမှာလည်း အာဖဂန်နစ္စတန်ထဲ အမေရိကန် စစ်ရေး လှုပ်ရှားမယ်

  • 23 နိုဝင်ဘာ 2014
afghan_us_troops_ ဓာတ်ပုံ မူပိုင်
Image caption အမေရိကန်က အာဖဂန်ထဲမှာ အယ်လ်ကိုင်းဒါး ချေမှုန်းရေး စစ်ရေးအရ ဆက်လက် ဆောင်ရွက်နိုင်။

အာဖဂန်နစ္စတန် မှာ အမေရိကန် စစ်တပ် အနေနဲ့ ၂၀၁၅ ခုနှစ် ထဲမှာလည်း တာဝန်တချို့ ဆက်လက် ထမ်းဆောင်ဖို့ သမ္မတ ဘိုဘားမား က ညွှန်ကြား ထားတယ် ဆိုပြီး ဝါရှင်တန် အာဏာပိုင် အသိုင်းအဝိုင်း က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အမေရိကန် စစ်တပ် အနေနဲ့ ရင်ဆိုင် တိုက်ပွဲတွေ မှာ ပါဝင်တာကို အခုနှစ် ၂၀၁၄ အကုန်မှာ တရားဝင် အပြီးသတ် ရပ်ဆိုင်းမယ် ဆိုပြီး အရင်ကတော့ သဘောတူ ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဖဂန်နစ္စတန် အတွင်း လက်နက်ကိုင် သူပုန်တွေ ကို ဆက်လက် တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားက ခွင့်ပြုခဲ့ပြီး၊ အာဖဂန် အစိုးရတပ်တွေကို မြေပြင် ဝေဟင် စစ်ကူတွေ ပေးဖို့ ကမ်းလှမ်းမယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကတော့ သမ္မတ အိုဘားမားက၊ ၂၀၁၅ ခုနှစ် ကျရင် အာဖဂန်နစ္စတန် ထဲမှာ အမေရိကန် စစ်တပ်ရဲ့ ပါဝင်မှုဟာ၊ အာဖဂန် စစ်တပ်ကို လေ့ကျင့် ပေးတာမျိုးနဲ့ အာဖဂန်တပ်တွေရဲ့ အယ်လ်ကိုင်းဒါး ချေမှုန်းရေး စစ်ဆင်မှုတွေမှာ၊ အထောက်အပံ့ ပေးတာမျိုးလောက်ပဲ၊ အကန့်အသတ် နဲ့သာ ရှိလာတော့မယ် လို့ ပြောထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ