တရုတ် တံငါသည်တွေကို ဖိလစ်ပိုင် ပြစ်ဒဏ် ချမှတ်

  • 24 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Spratly ကျွန်းစု

ဖိလစ်ပိုင် ကမ်းလွန်က တောင်တရုတ် ပင်လယ်ပြင်မှာ ရှားပါး ပင်လယ်လိပ်တွေ ဖမ်းဆီး ခဲ့တဲ့ တရုတ် တံငါသည် ၉ ဦးကို ဖိလစ်ပိုင် တရားရုံးက ပြစ်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလက တရုတ်နဲ့ ဖိလစ်ပိုင်တို့ သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ စပရတ်လီ ကျွန်းစုတွေ အနီးက ရေတိမ် သဲသောင်ခုံ အနီးမှာ တရုတ် ငါးဖမ်းလှေကို ဖိလစ်ပိုင် ရဲတွေက ဖမ်းဆီးခဲ့ပြီး လှေပေါ်မှာ ရှားပါး ပင်လယ်လိပ် အကောင် ၅၀၀ ကျော်ကို တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တရုတ် တံငါလှေကို ဖမ်းဆီးခဲ့မှုဟာ ဖိလစ်ပိုင်နဲ့ တရုတ်ကြား ဆက်ဆံရေးကို တင်းမာ စေခဲ့ပါတယ်။

တရုတ် တံငါသည်တွေ အနေနဲ့ ငါးခိုးဖမ်းတဲ့ အတွက် ဒဏ်ကြေး ဒေါ်လာ တစ်သိန်းစီနဲ့ တားမြစ် ရေသတ္တဝါ တွေကို ဖမ်းဆီးတဲ့ အတွက် ဒေါ်လာ ၈ ထောင့် ၈ ရာစီ ပေးဆောင်ကြဖို့ ဖိလစ်ပိုင် တရားရုံးက ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ