ဂျူရီဆုံးဖြတ်ချက်ကို လက်မခံကြောင်း ဘရောင်း မိသားစု ပြော

  • 25 နိုဝင်ဘာ 2014
us_ferguson_a_protester_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျူရီ အဖွဲ့ အဆုံးအဖြတ် အပေါ် အကြမ်းဖက် မတုန့်ပြန် ကြဖို့ ဘရောင်း မိသားစုက တောင်းဆို ထားပါတယ်။

အမေရိကန် မစ်ဇူရီ ပြည်နယ်၊ ဖာဂူဆန် မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမည်း ဆယ်ကျော်သက် မိုက်ကယ် ဘရောင်း ကို သေနတ်နဲ့ ပစ် သေဆုံး စေခဲ့တဲ့ ရဲမှုထမ်းမှာ အပြစ်မရှိဘူး ဆိုတဲ့ ဂျူရီ လူကြီး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အပေါ် ကျန်ရစ်သူ မိသားစု အနေနဲ့ လက်မခံကြောင်း မိသားစု ရှေ့နေက ပြောပါတယ်။

တစ်ဘက်မှာလည်း၊ အဲဒီ့ ဂျူရီ ဆုံးဖြတ်ချက် အပေါ် မကျေနပ်လို့ ဆိုပြီး အုံကြွ အကြမ်းဖက် ကြတဲ့ အပြုအမူတွေ ကို မိုက်ကယ် ဘရောင်း မိသားစုက ရှုံ့ချ ပါကြောင်းလည်း ရှေ့နေ ဘဲန်ဂျမင် ခရမ့် က ပြောပါတယ်။

အသားရောင် ရှိတဲ့ လူငယ်တွေကို ရဲအရာရှိတွေက ဆက်လက် သတ်ဖြတ်ခွင့် ပေးနေတာမျိုးဟာ အစဉ်အလာ ဖြစ်နေပြီး၊ ဒီအမှုမှာလည်း ဆိုင်ရာ ဂျူရီလူကြီးတွေက ထူးမခြားနားပဲ ဆုံးဖြတ် ခဲ့တယ် လို့ ရှေ့နေ ခရမ့် က ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာညက ဂျူရီအဖွဲ့ ရဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့ အပြီး၊ ဖာဂူဆန်မြို့မှာ အုံကြွမှုတွေ ဖြစ်ပေါ်နေပါတယ်။

မစ်ဇူရီ ပြည်နယ် အုပ်ချူပ်ရေးမှုးက ဂျေးနစ်ဆဲန် ကတော့ ဖာဂူဆန် မြို့ အဓိကရုဏ်း ကို ကိုင်တွယ်ဖို့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကို အင်အားဖြည့် မယ် ဆိုပြီး ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ