ဘို​ကို​ဟာ​ရမ်​လာ​ရင် အစိုးရ​တပ် ထွက်ပြေး​တယ်​လို့ အစွပ်​စွဲခံရ

  • 25 နိုဝင်ဘာ 2014
_nigerian_army_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဘိုကိုဟာရမ် လာရင် ထွက်ပြေး နေကြတယ် ဆိုပြီး နိုင်ဂျီးရီးယား စစ်တပ် အဝေဖန် ခံ နေရပါ တယ်။

နိုင်ဂျီးရီးယား အစိုးရ စစ်သားတွေဟာ အစ္စလာမ်မစ် ဘိုကိုဟာရမ် အဖွဲ့က တိုက်ခိုက် လာရင် ထွက်ပြေး နေကြတယ် ဆိုပြီး နိုင်ဂျီးရီးယားရဲ့ အစ္စလာမ် ဘာသာရေး ဆိုင်ရာ ဩဇာ အရှိဆုံး အဖွဲ့ကနေ ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။

အဲဒီ့ အဖွဲ့ကို Sultan of Sokoto လို့ အမည်တွင်တဲ့ ပုဂ္ဂိုလ်က ဦးဆောင်တာ ဖြစ်ပါတယ်။

အစိုးရ စစ်သားတွေဟာ ဘိုကိုဟာရမ်တွေ လာရင် သူတို့ လက်နက်တွေကိုပါ ပစ်ချပြီး ထွက်ပြေး ကြလို့ အစွန်းရောက် သမားတွေ လက်ထဲ လက်နက်တွေ ချန်ထားပေး နေသလို ဖြစ်နေတယ် လို့လည်း သူတို့က ဝေဖန်ပါတယ်။

အကြမ်းဖက်မှုတွေ ပြီးကာမှ အစိုးရ စစ်သားတွေ ပြန် ပေါ်လာပြီး အနိုင်ကျင့် ခံခဲ့ရတဲ့ အရပ်သားတွေကို၊ သူတို့ကပါ ထပ်ပြီး ခြိမ်းခြောက် ဗိုလ်ကျတာတွေ လုပ်ကြတယ် လို့လည်း သူတို့ အဖွဲ့က ပြောပါတယ်။

ဘိုကိုဟာရမ် တို့ရဲ့ လတ်တလော တိုက်ခိုက်မှု တွေ ကြောင့်၊ နိုင်ဂျီးရီးယား ဘက်က ရာနဲ့ချီတဲ့ အရပ်သားတွေဟာ နီဂျဲ နိုင်ငံ ထဲကို ထွက်ပြေး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ