ဆီယာရာ လီယွန်းမှာ အလောင်းတွေကို လူမြင်ကွင်းမှာ ပစ်

  • 25 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သုဘရာဇာတွေ အီဘိုလာ ကူးစက်မယ့် အန္တရာယ်နဲ့ အဆိုးဆုံး ကြုံနေရ

ဆီယာရာ လီယွန်း နိုင်ငံမှာ အီဘိုလာ လူနာတွေကို ကိုင်တွယ်ရတဲ့ အပေါ် အကျိုး ခံစားခွင့် မရတဲ့အတွက် ဆန္ဒပြတဲ့ အနေနဲ့ အလောင်း မြေမြှုပ်တဲ့ သုဘရာဇာ တွေက လူသေ အလောင်း အချို့ကို လူမြင်ကွင်းမှာ ချထား ပစ်ခဲ့ကြပါတယ်။

မြို့တော် Kenema ရဲ့ အဓိက ဆေးရုံကြီးမှာ အလောင်း ၁၅ လောင်းကို သုဘရာဇာ တွေက ပစ်ထား ခဲ့ကြတာ ဖြစ်ပါတယ်။

ဆေးရုံ အဝင်အဝ အနီးမှာ အလောင်း ၂ လောင်း၊ ဆေးရုံ မန်နေဂျာရဲ့ ရုံးခန်း အနီးမှာ အလောင်း တစ်လောင်း ပစ်ထား ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆီယာရာ လီယွန်း နိုင်ငံဟာ အီဘိုလာ ကူးစက် ပြန့်ပွားတဲ့ ဒဏ်ကို အဆိုးဆုံး ခံစားရတဲ့ နိုင်ငံ ဖြစ်ပြီး ခုချိန် အထိ သေဆုံးသူ ၁၂၀၀ ကျော် သွားပါပြီ။

အီဘိုလာ ကူးစက် ခံရမယ့် အန္တရာယ်ကို အလောင်း မြေမြှုပ်တဲ့ သုဘရာဇာ တွေက အဆိုးဆုံး ကြုံတွေ့ နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ