အီဘိုလာ ကာကွယ်ဆေး လုံခြုံ စိတ်ချရလို့ ကြေညာ

  • 26 နိုဝင်ဘာ 2014
ebola vaccine
Image caption အီဘိုလာ ရောဂါ ကာကွယ်ရေး ထိုးဆေး စမ်းသပ်

အီဘိုလာ ရောဂါ ကာကွယ်ရေး ထိုးဆေး စမ်းသပ်မှုမှာ လုံခြုံ စိတ်ချ ရကြောင်း တွေ့ရှိရတယ်လို့ သိပ္ပံ ပညာရှင် တွေက ကြေညာ ခဲ့ပါတယ်။

အီဘိုလာ ရောဂါ ဗိုင်းရပ်ကို လူ့ခန္ဓာကိုယ်ရဲ့ ရောဂါ ခုခံ ကာကွယ်ရေး စနစ် က မှတ်မိ စေဖို့ ဒီဆေးက ကူညီ နိုင်တယ်လို့ လည်း ဆိုပါတယ်။

အမေရိကန် က စေတနာ့ ဝန်ထမ်း လူ ၂ဝ က ကာကွယ်ဆေး စမ်းသပ် အထိုးခံခဲ့ ကြပါတယ်။

ဒီ ကာကွယ်ဆေး ထိုးပြီးနောက် ရောဂါ ခုခံ ကာကွယ်ရေး အတွက် အရေးကြီးတဲ့ ပထမ အဆင့် Antibodies တွေကို ခန္ဓာကိုယ် က ထုတ်လုပ် နိုင်ခဲ့တယ်။

ဆေးရလဒ် လုံးဝ စိတ်ချ ရတဲ့ အဆင့် မရောက်သေး ပေမယ့်လည်း တခြား ဆေး စမ်းသပ်မှု တွေ အောင်မြင် ခဲ့မယ် ဆိုရင် ဇန်နဝါရီ လက စပြီး အနောက် အာဖရိက က ထောင်နဲ့ချီတဲ့ ကျန်းမာရေး ဝန်ထမ်း တွေ အတွက် အီဘိုလာ ရောဂါ ကာကွယ်ဆေး ပေးနိုင်လိမ့် မယ်လို့ သုတေသီ ပညာရှင် တွေက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ