ပါကစ္စတန်မှာ ပိုလီယို ဆေးဝန်ထမ်း ၄ ဦး ပစ်သတ်ခံရ

  • 26 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပစ်ခတ် ခံရလို့ ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ္စတန် ပြည်နယ်မှာ ပိုလီယို ရောဂါ ကာကွယ်ဆေး လိုက်ထိုးပေးနေတဲ့ ဝန်ထမ်း ၄ ဦး ပစ်သတ် ခံခဲ့ရ ပြီးနောက် သူတို့ရဲ့ ပိုလီယို ရောဂါ တိုက်ဖျက်ရေး စီမံကိန်းကို ရပ်ဆိုင်း ထားလိုက်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ပစ်သတ် ခံခဲ့ရသူ ၄ ဦးမှာ ၃ ဦးက အမျိုးသမီးတွေ ဖြစ်ကြပြီး နောက်ထပ် အမျိုးသမီး ၃ ဦးလည်း ဒဏ်ရာ ရသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပိုလီယို ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်း ၆၀ ကျော် အသတ် ခံခဲ့ရပြီး တိုက်ခိုက်မှု အများစုဟာ အစ္စလာမစ် အစွန်းရောက်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ စွပ်စွဲ ထားပါတယ်။

ကမ္ဘာပေါ်မှာ ပိုလီယို ရောဂါ အမြစ် မပြတ်သေးတဲ့ နိုင်ငံ ၃ နိုင်ငံသာ ကျန်ရှိတော့ပြီး တခြား ၂ နိုင်ငံ ကတော့ နိုင်ဂျီးရီးယားနဲ့ အာဖဂန် နစ္စတန်တို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ