အိန္ဒိယ မိန်းကလေးငယ် ၂ဦး အသတ်ခံရတာ မဟုတ်ဟု ဆို

  • 27 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သစ်ပင်မှာ မိန်းကလေး နှစ်ယောက် ကြိုးကွင်းစွပ်လျက် သေဆုံး ခဲ့ပြီးနောက် တစ်ပြည်လုံးကို ဒေါသ ထွက်စေခဲ့

အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ တုန်းက သစ်ပင်မှာ လည်ပင်း ကြိုးကွင်းစွပ် သေဆုံးခဲ့သူ ဆယ်ကျော်သက် အရွယ် မိန်းကလေး နှစ်ယောက်ဟာ သူတို့ကိုယ် သူတို့ သတ်သေ ခဲ့ကြတာသာ ဖြစ်တယ်လို့ ယုံကြည် ယူဆကြောင်း အိန္ဒိယ ဗဟို ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကနဦး ခွဲစိတ် စစ်ဆေးမှု ရလဒ် အဖြစ် ဆေးစစ်ချက် ထုတ်ပြန် ခဲ့ရာမှာ သူတို့ကို အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ် ထားတာ ဖြစ်တယ် ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ အခု ထုတ်ပြန်ချက်ဟာ ကွဲလွဲနေပါတယ်။

မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကြရတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသလို အမှုနဲ့ ပတ်သက်ပြီး တခြား မဖြေရှင်း နိုင်တဲ့ မေးခွန်းတွေလည်း ရှိနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဇာတ်နိမ့် မိန်းကလေး နှစ်ယောက် သေဆုံးခဲ့မှုဟာ တစ်ပြည်လုံးကို ဒေါသထွက် စေခဲ့ပါတယ်။

အမျိုးသမီးအရေး ဆောင်ရွက်သူတွေ ကတော့ အခုနောက်ဆုံး တွေ့ရှိချက် အဖြေကို မကျေနပ်နိုင်ကြောင်း ပြောဆိုထားပြီး ဆက်လက် စုံစမ်းဖို့ တိုက်တွန်း ထားကြပါတယ်။

အမှုနဲ့ ပတ်သက်တယ် ဆိုပြီး အစောပိုင်းက ဖမ်းဆီး ခဲ့တဲ့ အမျိုးသား ၃ ယောက်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက ပြန်လွှတ် ပေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ