မလေးရှား အကြည်ညို ပျက်စေမှု ဥပဒေကို ဆက်ထားမယ်

  • 27 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီဥပဒေကို ပယ်ဖျက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေကြ

မလေးရှား နိုင်ငံမှာ အငြင်းပွားဖွယ် ဥပဒေ ဖြစ်တဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို ပယ်ဖျက်ဖို့ ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ကတိပြု ထားခဲ့တာကို ပြန်ရုပ်လိုက်ပြီး အဲဒီ ဥပဒေကို မဖျက်သိမ်းမယ့် အပြင် ပိုမို အားကောင်းအောင် လုပ်ဖို့ လိုတယ်လို့ပါ သူက ပြောလိုက်ပါတယ်။

မလေးရှားမှာ ဘာသာရေး အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်း အတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေမယ့် ပြောဆိုမှုမျိုး၊ စော်ဘွားတွေကို ဝေဖန်တဲ့ ပြောဆိုမှုမျိုးတွေ အတွက် အဲဒီ ဥပဒေ အရ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ် ခံရနိုင်ပါတယ်။

ကိုလိုနီ ခေတ်ကတည်းက စတင် ကျင့်သုံးခဲ့တဲ့ အဲဒီ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို အတိုက်အခံ နိုင်ငံရေး သမားတွေကို နှုတ်ပိတ်ဖို့ အတွက် အဓိက သုံးနေကြတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဝန်ကြီးချုပ် မစ္စတာ နာဂျစ်ဟာ ၂၀၁၂ ခုနှစ်တုန်းက တခြား နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ အတူ ဒီဥပဒေကို ဖျက်သိမ်း မယ်လို့ ပြောခဲ့ပေမယ့် အခု ကြာသပတေး နေ့မှာ ပြုလုပ်တဲ့ သူ့ရဲ့ ပါတီ နှစ်လည် ညီလာခံမှာတော့ ဒီဥပဒေကို ဆက်ထိန်း ထားရမယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ