အီဘိုလာ ကူးစက်မှု ဖြစ်နေတဲ့ ဂီနီ နိုင်ငံကို ပြင်သစ် သမ္မတ သွားရောက်

Image caption ဂီနီနိုင်ငံရဲ့ အီဘိုလာ အခြေ အနေဟာ ဆီရီယာ လေယွန်းနဲ့ လိုင်ဘေးရီးယား လောက် အခြေ အနေ မဆိုးရွားပါ

အီဘိုလာ ရောဂါ ကပ်ဘေး ကျရောက် နေဆဲ ဖြစ်တဲ့ အနောက် အာဖရိက က ဂီနီ နိုင်ငံကို ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း သောကြာ နေ့မှာ သွားရောက် ခဲ့ပါတယ်။

ဒီခရီးစဉ် အတွင်း ဂီနီ ကျန်းမာရေး ဌာနတွေကို သွားရောက် ကြည့်ရှုမှာ ဖြစ်တဲ့ အပြင် အီဘိုလာ ရောဂါ ကာကွယ် တားဆီးရေး ဆွေးနွေး ပွဲတွေ တက်ဖို့ ရှိပါ တယ်။

တကယ်တော့ ဂီနီရဲ့ အီဘိုလာ အခြေ အနေက သူ့ဘေးက ဆီရီယာ လေယွန်းနဲ့ လိုင်ဘေးရီးယား လောက် အခြေအနေ မဆိုးရွားပါဘူး။ ဒါပေမဲ့ ရောဂါ ဖြစ်ပွား ပြီး ၈ လ လောက် ကြာတဲ့ အထိ ဒီရောဂါ အကြောင်း နားလည် လက်မခံ နိုင်ကြ သူတွေ ဂီနီ နိုင်ငံမှာ ရှိနေဆဲ ဖြစ်သလို ရွာထဲ လူနာ အသစ်တွေ ရှိမရှိ ဝင် အစစ် ဆေး မခံတဲ့ နေရာတွေ ရှိနေပါတယ်။

နိုင်ငံ အရှေ့တောင် ပိုင်းမှာ ရောဂါ ပြန်လည် ဖြစ်ပွားမှု တချို့ ရှိခဲ့ ပေမယ့် အခြေ အနေက တိုးတက် လာပါ ပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ က ဘီဘီစီ ကို ပြောပါ တယ်။ ဂီနီမှာ အီဘိုလာ နှိမ်နင်းရေး အတွက် ကိုလိုနီ သခင်ဟောင်း ပြင်သစ် နိုင်ငံက ဒေါ်လာ ၁၂၅ သန်းဖိုး လှူဒါန်းဖို့ ကတိပြု ထားပါတယ်။

အီဘိုလာ ကြောင့် ပြည်သူ ၁၂ဝဝ ကျော် သေဆုံး ခဲ့ရတဲ့ ဂီနီ နိုင်ငံ က ပြည်သူ တွေ နဲ့ တသားတည်း ဖြစ်ကြောင်း သတင်း စကား ပါးလို တယ်လို့ ဧည့်သည် တော် ပြင်သစ် သမ္မတက ပြောကြား ခဲ့ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ရွေ့လျား ဆေးခန်းတွေ ပြင်သစ် အစိုးရက ပို့ပေးမှာ ဖြစ်သလို လူနာတွေ အတွက် ကုတင် ၂ဝဝ ထောက်ပံ့ ဖို့လည်း ရှိပါတယ်။

အဲဒီနောက် ဆီနီဂေါ နိုင်ငံက ပြင်သစ် စကား သုံးစွဲတဲ့ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေး ပွဲကို သမ္မတ အော်လန်း ဆက်ပြီး တက်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ