ပြင်​သစ် အတိုက်​အခံ​ပါ​တီ​မှာ ဆာ​ကို​ဇီ ခေါင်းဆောင် ပြ​န်ဖြစ်ပြီ

  • 29 နိုဝင်ဘာ 2014
nicolas_sarkozy_ ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံ ပါတီကို ပြန်လည် ဦးဆောင်ခွင့် ရတာဟာ ကိုယ်ရေးကိုယ်တာ နိုင်ငံရေး ရည်မှန်းချက် အတွက် မဟုတ်ဘူးလို့ မစ္စတာ ဆာကိုဇီက ပြောပါတယ်။

ပြင်သစ် အတိုက်အခံ ဗဟို လက်ျာ ပါတီ ဖြစ်တဲ့ UMP ကို ဦးဆောင်ဖို့ သမ္မတဟောင်း နီကိုးလပ်စ် ဆာကိုဇီ ကို တင်မြှောက် လိုက်တဲ့ အတွက်၊ ပြင်သစ် သမ္မတ နေရာကို ပြန်လည် ဝင်ရောက် အရွေးခံဖို့ မစ္စတာ ဆာကိုဇီ အတွက် ခြေလှမ်းသစ် တစ်ရပ် ဖြစ်လာပါတယ်။

မစ္စတာ Sarkozy ဟာ၊ ပါတီတွင်း မဲ အားလုံးရဲ့ ၆၅ % ရခဲ့ပြီး၊ ပြိုင်ဘက် ၂ ယောက်ကို ၊ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး မျက်နှာစာထက် ပြန်ရောက် လာတာဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ နိုင်ငံရေး ရည်မှန်းချက် အတွက် မဟုတ်ပါဘူး ဆိုပြီးတော့ မစ္စတာ ဆာကိုဇီကတော့ ပြောပါတယ်။

လွန်ခဲ့ ၂ နှစ်က ၊ ဖရော်န်ဆွာ အိုလော်န့် ဦးဆောင်တဲ့ ဆိုရှယ်လစ် ပါတီကို ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ နောက်ပိုင်း၊ UMP ပါတီမှာ ငွေကြေး ဆိုင်ရာ အရှုပ်အရှင်းတွေ၊ ပါတီတွင်း ညီညွတ်မှု ပြိုကွဲနေတာတွေ ဖြစ်ပေါ်နေပြီး၊ မစ္စတာ ဆာကိုဇီ အနေနဲ့ ဒီ ပြဿနာတွေ ကိုင်တွယ်ဖို့ အတွက် ပါတီတွင်း ထောက်ခံမှု လုံလောက်အောင် ရရှိ မနေဘူး လို့ သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ