အီဘိုလာ ကမ္ဘာအနှံ့ ကူးစက်မယ့် အန္တရာယ် ကြီးနေဆဲ

  • 1 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရောဂါနဲ့ သေဆုံးသူ ၇၀ ရာနှုန်းကို ဘေးကင်းစွာ မြှုပ်နှံဖို့ လျာထားချက်လည်း ပါဝင်

အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အီဘိုလာ ရောဂါဟာ တခြား ကမ္ဘာ့ အစိတ်အပိုင်း တွေကိုပါ ကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အနောက် အာဖရိက ဒေသ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။

အခု ဒီဇင်ဘာ ၁ ရက်နေ့မှာ အီဘိုလာ ကူးစက် ခံရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဆေးဝါး ကုသမှု ပေးနိုင်ဖို့နဲ့ ရောဂါကြောင့် သေဆုံးသူ ၇၀ ရာခိုင်နှုန်းကို ဘေးကင်းစွာ မြှုပ်နှံ နိုင်ဖို့ လျာထားကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မစ္စတာ Banbury က ပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Banbury က တချို့ နေရာတွေမှာ ရည်မှန်းချက် ပြည်မီအောင် လုပ်နိုင်ပြီး တချို့ နေရာတွေမှာ ရည်မှန်းချက်ထက် အများကြီး ကျော်လွန်အောင် လုပ်ဆောင်နိုင်ပေမယ့် နေရာ အားလုံး မှာတော့ ရည်မှန်းချက် ပြည့်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ရည်မှန်းချက် မအောင်မြင်တဲ့ ဒေသတွေ ထဲမှာ ဆီယာရာ လီယွန်း နိုင်ငံရဲ့ မြို့တော် Freetown နဲ့ Port Loko မြို့တွေလည်း ပါဝင်တယ်လို့ Tony Banbury က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ