သမ္မတ အိုဘားမားရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ရေး အစီအစဉ်

  • 1 ဒီဇင်ဘာ 2014
_bbc_304x17
Image caption ကင်မရာ တပ်ဆင်ထားတဲ့ ရဲ ယူနီဖေါင်း

အမေရိကန် သမ္မတ အိုဘားမား က ဖါဂူဆန် မှာ ဖြစ်ပွားတဲ့ အဓိကရုန်းတွေ ကြောင့် အမေရိကန် ရဲတပ်ဖွဲ့ဝင်တွေ ကို သင်တန်း အသစ်တွေ ထပ်မံပေးရေး နဲ့ သူတို့ရဲ့ ယူနီဖေါင်းတွေ ပေါ်မှာ သေးငယ်တဲ့ ကင်မရာ တွေ တပ်ဆင်ပေးရေး အပါအဝင် စီမံကိန်းတွေ အတွက် ကွန်ဂရက် လွှတ်တော် ကနေ ဒေါ်လာငွေ ၂၆၃ သန်း ချပေးဖို့ တောင်းခံလိုက်ပါတယ်။

သမ္မတ အိုဘားမား တောင်းဆိုတဲ့ ငွေကြေး ဟာ ၃ နှစ်အတွင်း သုံးစွဲဖို့ ဖြစ်ပြီး ကင်းလှည့်ရာမှာ ယူနီဖေါင်းပေါ် မှာ တပ်ဆင် လို့ ရတဲ့ ကင်မရာပေါင်း ၅ သောင်း စရိတ် အပါအဝင် ဖြစ်ပါတယ်။ ဒီကင်မရာ ဟာ ရဲ နဲ့ ပြည်သူ အကြား ရင်ဆိုင် ပြဿနာ ဖြစ်တဲ့ အခါမှာ ဘယ်သူ့ကြောင့်လည်း ဆိုတာကို သက်သေပြနိုင်အောင် တပ်ဆင်စေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရုံနဲ့ ပြဿနာ ပြေလည်ဖို့ ရှိပါသလား။

သမ္မတအိုဘားမား နဲ့ ဖါဂူဆန် အရေးအခင်း ဆွေးနွေးခဲ့တဲ့ အမေရိကန် လူမည်း ခေါင်းဆောင်တဉီးဖြစ်တဲ့ ဘုန်းတောကြီး အယ်လ်ရှပ်ပတန် ကတော့ သူပြောလို တာကတော့ သူတို့ဟာ လူမှုအသိုင်းထဲ နေတဲ့ အခါမှာ ရဲ ကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ သူတို့ ဆန့်ကျင်တာက ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး စံနစ် ပွင့်လင်းမြင်သာမှု မရှိတာ ကို ထောက်ပြ ဝေဖန် တာပါ။ ရဲ ကြောင့် သေဆုံးရတဲ့ မိုက်ကယ်ဘရောင်း အမှုမှာ ဆိုရင် တရားရုံးရဲ့ စီရင်ချက် ဟာ မတရားဘူး လို့ အများက ခံစားရလို့ပါ လို့ ဘီဘီစီ ကို ရှင်းပါတယ်။

လက်နက်မဲ့ လူမည်း လူငယ် ကို ရဲ က ပစ်သတ်မိရာမှာ ဆူပူဆန္ဒ ပြမှုတွေ ကြီးမားလာရာမှာ တချို့မြို့တွေ ပါကူးစက်ခဲ့ပါတယ်။ မနေ့က ဆိုရင် မြို့ကြီးတချို့ မှာ ကျောင်းသားတွေ နဲ့ အလုပ်သမား တွေ ဟာ နေ့လည် စာ စားချိန် အတွင်း မှာ ပြင်ပထွက် ဆန္ဒပြကြယင်း ရဲတွေ ရဲ့ လူမည်းအသိုင်းအဝိုင်း အပေါ် မှာခွဲခြား ဆက်ဆံတာ ကို မီးမောင်း ထိုးပြကြပါတယ်။