ရွေးကောက်ပွဲ ရှုံးလို့ ထိုင်ဝမ် အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်

  • 1 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ထိုင်ဝမ် ဝန်ကြီးချုပ် ဲJiang Yi-huah စနေနေ့က နှုတ်ထွက်စဉ်။

ထိုင်ဝမ်ရဲ့ လက်ရှိ အာဏာရ ပါတီ ဖြစ်တဲ့ ကူမင်တန် ပါတီဟာ စနေနေ့က ပြုလုပ်တဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ အဆိုးရွားဆုံး ရှုံးနိမ့် ခဲ့ပြီးနောက် အစိုးရ အဖွဲ့ဝင် ၈၁ ယောက်စလုံး ရာထူးကနေ နုတ်ထွက် ခဲ့ကြပါတယ်။

ထိုင်ဝမ် သမ္မတ Ma Ying-jeou ရဲ့ တရုတ် အစိုးရကို ထောက်ခံတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လူထု ဆန္ဒ သဘောထား ခံယူရာမှာ ထိုင်ဝမ်ကျွန်းက ဒေသကြီး ၆ ခုအနက် ၅ ခုမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် ဝန်ကြီးချုပ် Jiang Yi-huah ကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုဟာ သူ့တာဝန် ဖြစ်တယ်လို့ ပြောခဲ့ပြီး စနေနေ့ကတည်းက နုတ်ထွက် ခဲ့ပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်ဟာ တရုတ် အစိုးရနဲ့ နီးကပ်ဖို့ ကြိုးစားတဲ့ ကူမင်တန် ပါတီရဲ့ မူဝါဒကို ထိုင်ဝမ် မဲဆန္ဒရှင်တွေက ပြတ်ပြတ်သားသား ငြင်းပယ်တဲ့ ရလဒ်အဖြစ် ရှုမြင်ကြပါတယ်။

အစိုးရ ဝန်ကြီး အသစ်တွေကို ရွေးကောက် ပြီးတဲ့အထိတော့ လက်ရှိ ဝန်ကြီးတွေက ရာထူးမှာ ဆက်လက် တာဝန် ယူကြမှာ ဖြစ်ပါတယ်။

ထိုင်ဝမ် နိုင်ငံဟာ တရုတ် ပြည်တွင်းစစ် အပြီး ၁၉၄၉ ခုနှစ် ကတည်းက သီးခြား နိုင်ငံ ထူထောင်ခဲ့တာ ဖြစ်ပြီး တရုတ် အစိုးရကတော့ ထိုင်ဝမ်ကို တော်လှန် ပုန်ကန်တဲ့ လက်အောက်ခံ ပြည်နယ် တစ်ခုအဖြစ် မှတ်ယူ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ