ဟောင်ကောင် ဆန္ဒပြ ခေါင်းဆောင် ၃ ဦး အဖမ်းခံ

  • 3 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆန့်ကျင်သူတွေက သူတို့ကို ဆန္ဒပြခဲ့ကြ

ဟောင်ကောင်က ဒီမိုကရေစီရေး ဆန္ဒပြ လှုပ်ရှားမှုကို ဦးဆောင်တဲ့ အဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင် ၃ ဦးဟာ ဒီကနေ့ ရဲတွေဆီမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

တက္ကသိုလ် ပါမောက္ခ ၂ ယောက်နဲ့ ခရစ်ယာန် ဓမ္မဆရာ တစ်ဦးတို့ဟာ ဟောင်ကောင်မှာ ဒီမိုကရေစီ ပိုမို ရရှိရေးအတွက် အစိုးရကို အာခံတဲ့ လှုပ်ရှားမှုကို စတင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့ ရဲဌာနချုပ်ထဲ ဝင်သွားချိန်မှာ ထောက်ခံသူတွေက ဟစ်အော် ချီးကျူးခဲ့သလို၊ တချို့ကတော့ သူတို့ကို ဖမ်းထားဖို့ အော်ဟစ် တောင်းဆို ခဲ့ပါတယ်။

ရဲက သူတို့ကို ပြစ်မှု တစ်ခုခုနဲ့ အလိုရှိနေတာ မဟုတ်ပေမယ့် တရားမဝင် စုဝေးမှုတွေ ပြုလုပ်ခဲ့တယ် ဆိုတာကို ဝန်ခံတဲ့ အနေနဲ့ ရဲဆီမှာ သူတို့ကိုယ် သူတို့ အပ်နှံခဲ့တာ ဖြစ်ပါတယ်။

သူတို့က တခြား ဆန္ဒပြ ကျောင်းသားတွေ ကိုလည်း လမ်းတွေပေါ်က ဆန္ဒပြမှုတွေကို ရပ်နားပြီး လူထု ထောက်ခံမှုရတဲ့ နည်းလမ်းတွေ ရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြနေတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကတော့ လမ်းတွေ ပိတ်ဆို့ ဆန္ဒပြမှုတွေကို အရှိန်မြှင့် လုပ်သွားဖို့ ဆော်သြနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ