အစ္စရေး ရွေးကောက်ပွဲ ၂ နှစ်စော ကျင်းပဖို့ သဘောတူ

  • 3 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေး ပါလီမန်မှာ ဝန်ကြီးချုပ် နက်တာညာဟု စကားပြောစဉ်။

အစ္စရေး နိုင်ငံမှာ အထွထွေ ရွေးကောက်ပွဲကို နဂို သတ်မှတ်ထားတဲ့ ရက်ထက် ၂ နှစ် စောပြီး လာမယ့် နှစ် မတ်လ ၁၇ ရက်နေ့မှာ ကျင်းပဖို့ နိုင်ငံရေး ပါတီ ခေါင်းဆောင် တွေက သဘောတူ လိုက်ကြပါတယ်။

ဝန်ကြီးချုပ် ဘင်ဂျမင် နက်တာ ညာဟုက သူ့အစိုးရ အဖွဲ့ထဲက တခြား ပါတီ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးနဲ့ တရားရေး ဝန်ကြီးတွေဟာ သူ့ကို ဖြုတ်ချဖို့ လုပ်နေတယ် ဆိုပြီး ရာထူးက ထုတ်ပယ် လိုက်ပြီးနောက် ခုလို ရွေးကောက်ပွဲတွေ စောကျင်းပဖို့ ဖြစ်လာတာပါ။

ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် ကတော့ အစ္စရေး အစိုးရဟာ အတွင်း တိုက်ပွဲတွေနဲ့ ပြိုကွဲလု ဖြစ်နေတာကြောင့် မစ္စတာ နက်တာ ညာဟုက ဘာသာရေး အခြေခံ ပါတီတွေကို တခြား ပါတီတွေနဲ့ အစားထိုးပြီး ညွန့်ပေါင်း အစိုးရသစ် ဖွဲ့နိုင်ဖို့ မျှော်လင့် နေတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ