ကင်ညာ သမ္မတကို ICC က စွဲချက်တွေ ရုပ်သိမ်းပေး

  • 5 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၃ မှာ သမ္မတ ဖြစ်လာတဲ့ ကန်ညက်တာက စွဲချက်တွေကို ငြင်းခဲ့

လူသားတွေ အပေါ် ရက်စက် ကြမ်းကြုတ်တဲ့ ပြုမူ ဆောင်ရွက်မှုတွေ လုပ်ဆောင် ခဲ့မှုနဲ့ စွပ်စွဲခံရသူ ကင်ညာ သမ္မတ Uhuru Kenyatta ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး ICC က တရားလို ရှေ့နေတွေက စွဲချက်တွေ ရုပ်သိမ်း ပေးလိုက်ပါတယ်။

မစ္စတာ ကန်ညက်တာဟာ ၂၀၀၈ ခုနှစ်က ရွေးကောက်ပွဲလွန် ကာလမှာ ကင်ညာ နိုင်ငံသား ၁၂၀၀ အသတ် ခံခဲ့ရပြီး လူတွေ သိန်းနဲ့ချီ အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရမှု ဖြစ်ပွားအောင် လှုံဆော် ခဲ့တယ်လို့ စွဲဆို ခံရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအမှု အတွက် မဖြစ်မနေ အရေးကြီးတဲ့ အထောက်အထား တွေကို လွှဲပြောင်းပေးဖို့ ကင်ညာ အစိုးရက ငြင်းဆို ခဲ့တယ်လို့ တရားလို ရှေ့နေတွေက ပြောပါတယ်။

သက်သေအဖြစ် ထွက်ဆိုဖွယ် ရှိသူတွေကို ရန်ပြုတာ၊ ခြိမ်းခြောက် တာတွေ ရှိခဲ့တဲ့ အတွက် စုံစမ်း စစ်ဆေးမှုတွေကို အဟန့် အတား ဖြစ်စေခဲ့တယ်လို့ လည်း ရှေ့နေတွေက ပြောပါတယ်။

အဲဒီ အချိန်က သမ္မတ မဖြစ်သေးတဲ့ မစ္စတာ ကန်ညက်တာ ကတော့ စွဲဆိုချက်တွေကို အစဉ်အမြဲ ငြင်းဆိုခဲ့ပါတယ်။

အခုလို အမှုကို ရုပ်သိမ်း လိုက်တာဟာ ကင်ညာမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေတဲ့ အရေးယူ ခံရခြင်းမှ ကင်းလွတ်နေတဲ့ အလေ့အထကို အဆုံးသတ်စေမယ့် ကြိုးပမ်းမှုတွေကို နှောင့်နှေး စေတယ်လို့ Human Rights Watch လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ