မန်ဒဲလား ကွယ်လွန်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်

  • 5 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မန်ဒဲလား ပုံတူ ရုပ်ထုကြီး ခြေရင်းမှာ ပန်းခွေချစဉ်။

တောင်အာဖရိက နိုင်ငံမှာ သမ္မတဟောင်း နယ်ဆင် မန်ဒဲလား ကွယ်လွန်တဲ့ တစ်နှစ်မြောက် အောက်မေ့ပွဲ အခမ်းအနားတွေ ကျင်းပနေကြပါတယ်။

အသားအရောင် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး လှုပ်ရှားခဲ့ကြသူ နိုင်ငံရေးသမားကြီးတွေက Pretoria မြို့မှာ မစ္စတာ မန်ဒဲလားရဲ့ ကျန်ရစ်သူ ဇနီး Graca Machel ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ပြီး မစ္စတာ မန်ဒဲလားရဲ့ ပုံတူ ဧရာမ ရုပ်ထုကြီး ခြေရင်းမှာ ပန်းခွေချ ခဲ့ကြပါတယ်။

အောက်မေ့ သတိရတဲ့ အထိမ်းအမှတ် ၃ မိနစ် ငြိမ်သက်မှု မပြုခင် ဥဩသံတွေ၊ နှဲသံတွေ နိုင်ငံတဝန်း ညံသွားခဲ့ပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ မြေး ဖြစ်သူ Ndileka Mandela က တောင်အာဖရိက နိုင်ငံသားတွေဟာ မစ္စတာ မန်ဒဲလား ထားခဲ့တဲ့ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းပြီး သူတန်ဖိုးထားခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး တို့ကို ဂုဏ်ပြုရင်း လေးစား လိုက်နာသွားကြမှာပါလို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ