၈၇ နှစ်မြောက် မွေးနေ့မှာ ထိုင်းဘုရင် လူထုရှေ့ မထွက်နိုင်

  • 5 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဘုရင်ကြီး တက်နေတဲ့ ဆေးရုံအပြင်ဘက်မှာ လူတွေ စုရုံးခဲ့ကြ

ဒီကနေ့ ကျရောက်တဲ့ ထိုင်း ဘုရင်ကြီး ဖူမိဖွန် အဒူယာဒတ် ရဲ့ ၈၇ နှစ်မြောက် မွေးနေ့မှာ အထိမ်း အမှတ် ပြုဖို့ လူထု ရှေ့မှောက် ထွက်လာမယ့် အစီအစဉ်ကို သူ့ ဆရာဝန်တွေရဲ့ အကြံပေးချက်ကြောင့် ပယ်ဖျက် ခဲ့ရပါတယ်။

ဘုရင်ကြီး လူထု ရှေ့မှောက် ထွက်လာမယ့် အစီအစဉ်ကို နောက်ဆုံး အချိန်ရောက်မှ ကျန်းမာရေးကြောင့် ဖျက်သိမ်း လိုက်ရတဲ့ အတွက် နက်နဲတဲ့ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေကြောင့် နှစ်ခြမ်း ကွဲနေတဲ့ ထိုင်းနိုင်ငံ အတွင်းမှာ စိုးရိမ်မှုတွေ တိုးပွား စေခဲ့ပါတယ်။

ထိုင်း ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လက သည်းခြေအိတ် ခွဲစိတ် ကုသမှု ခံယူပြီး တဲ့နောက် ဆေးရုံမှာပဲ ရှိနေခဲ့ပါတယ်။

ထိုင်း ဘုရင်ကြီးရဲ့ မွေးနေ့မှာ ထောင်နဲ့ချီတဲ့ ထိုင်း လူမျိုးတွေက သူတို့ ဘုရင်ကြီး တက်ရောက် နေတဲ့ Siriraj ဆေးရုံ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ