တရုတ် ကွန်​မြူ​နစ်​ပါ​တီ​ရဲ့ ထိပ်​သီး ခေါင်းဆောင် လာဘ်​စား​မှု​နဲ့ အဖမ်းခံရ

  • 5 ဒီဇင်ဘာ 2014
sp_zhou_yongkang_ ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ထဲရေး လုံခြုံရေး ဌာနတွေကို ကိုင်တွယ် ခဲ့သူ မစ္စတာ ဂျိုဟာ လာဘ်ငွေ အများအပြား လက်ခံ ခဲ့မှုနဲ့ အဖမ်းခံလိုက် ရပါတယ်။

တရုတ် နိုင်ငံမှာ ဩဇာ အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင်တွေထဲ ပါဝင်ခဲ့တဲ့ ဂျို ယွန် ကန်း ဟာ၊ လာဘ်ငွေ အများအပြား လက်ခံခဲ့တဲ့ အတွက်၊ တရုတ် ကွန်မြူနစ် ပါတီက ထုတ်ပယ် ခံလိုက်ရပြီး၊ ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရပါတယ်။

ဂျို ယွန် ကန်း ကို ပါတီကနေ ဖယ်ရှားခဲ့ပြီး၊ အခုဆို တရားရေးဌာန လက်ထဲ လွှဲပြောင်း ပေး လိုက်ပြီလို့၊ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဆိုပါတယ်။

မစ္စတာ ဂျို ဟာ နိုင်ငံတော် လျှို့ဝှက်ချက်တွေကိုလည်း ပေါက်ကြားစေခဲ့တယ် ဆိုပြီး၊ တရုတ် အစိုးရ သတင်းဌာနက ရေးသားထားပါတယ်။

မစ္စတာ ဂျို ဟာ၊ ၂၀၁၂ မတိုင်ခင် အထိတော့၊ တရုတ်နိုင်ငံထဲ အာဏာ အရှိဆုံး သူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

သူဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟို ပေါလစ်ဗျူရို အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး၊ တရုတ် ပြည်ထဲရေးကို ချူပ်ကိုင်ထားတဲ့ လုံခြုံရေး ဆိုင်ရာ ဌာနတွေကို ဦးစီးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် အတော်များများနဲ့ မိသားစုဝင်တွေလည်း၊ အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး ခံနေခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ