Hagupit မုန်တိုင်းအရှိန်လျော့ပြီး အနောက်ဖက်ရွေ့

  • 7 ဒီဇင်ဘာ 2014
_typhoon ဓာတ်ပုံ မူပိုင်
Image caption မုန်တိုင်းဒဏ်သင့် ဖိလိပိုင် ဒေသခံ

ဖိလိပိုင်မှာ တိုက်ခတ်တဲ့ ဟာဂူပစ် တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှု ကြောင့် လေ ရော မိုးပါ အရှိန်ပြင်းပြင်း နဲ့ ဝင်မွှေ ခဲ့ပေမဲ့ မနှစ် က ဟိုင်ယန် မုန်တိုင်းလောက် တော့ မဆိုးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက် က ဖိလိပိုင် မှ သတင်း ပေးပို့လိုက်ပါတယ်။

အခုလည်း မုန်တိုင်းအရှိန် လျော့သွားတဲ့ အကြောင်း မိုးလေဝသ ကြေညာသူ က ပြောရာမှာ မုန်တိုင်း အရှိန် ကတော့ လျော့သွား လို့ တနာရီ ကို ၉၉ မိုင်နှုန်း ကနေ တနာရီ ကို ၈၇မိုင်နှုန်း ကျသွား တဲ့ အကြောင်း၊ ဒါပေမဲ့ မုန်တိုင်း အန္တရာယ် က လွတ်သွားပြီ လို့တော့ မယူဆစေချင် တဲ့ အကြောင်း မိုး နဲ့အတူ လှိုင်းကြီး လေထန် မဲ့ အခြေအနေ ရှိနေသေးလို့ ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးမှု၊ မြေပြိုမှု စတာတွေ ဖြစ်နိုင်ပါသေးတယ် လို့ ကြေညာသွားတာပါ။

ကုလသမဂ္ဂ ကလေးမျာရံပုံငွေ အဖွဲ့ ယူနီးဆက် ကလည်း မနှစ် က ဟိုင်ယန် မုန်တိုင်း ပေးခဲ့တဲ့ သင်ခန်းစာကြောင့် ဒေသခံ တွေဘက် က ကြိုတင်ပြင်ဆင်မှု ရှိသလို သူတို့အဖွဲ့ ရဲ့ ပြင်ဆင်မှု ကိုလည်း တာဝန်ခံ မောလစ် ဝါဖါ က အရေးပေါ် ပြင်ဆင်မှု တွေ လုပ်ထားကြ တဲ့ အကြောင်း၊ အဖွဲ့သားတွေ ကိုလည်း အရေးကြီးရင် ကြီးသလို ချက်ချင်း ကူညီကယ်ဆယ်ရေး လုပ်ငန်း တွေ လုပ်ကြဖို့ နှိုးဆော် ထားလို့ လည်လည်ပတ်ပတ်နဲ့ ဒေါင့်စေ့အောင် ဆောင်ရွက် နိုင်ကြပါတယ် လို ပြောပြ ပါတယ်။

အခုတော့ မုန်တိုင်းဟာ အနောက်ဖက် ကို ရွေ့လျား သွားလို့ ဒီမနက် စောစော ပိုင်းမှာတော့ ဆီဘူယန် ကျွန်းဘက် ရောက်နို င်ပါတယ်။ ကြာသာပတေးနေ့ ကျမှပဲ ဖိလိပိုင် ကျွန်း က ထွက်ခွာဘွယ် ရှိပါတယ်။