ဖိလစ်ပိုင် တိုင်ဖုန်း အနောက်မြောက်ကို ဦးတည်

  • 7 ဒီဇင်ဘာ 2014
Image caption လေတွေ မငြိမ်သေးတဲ့ ကြားကပဲ၊ ပြန်လာ ကြကာ ရရာ ပစ္စည်းတွေ နဲ့ ဖာထေး ပြုပြင် နေ

ဖိလစ်ပိုင် အရှေ့ဘက်ကမ်း ကနေ ကုန်းတွင်း ကို စနေနေ့ ညက ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်း Hagupit ဟာ အခုတော့ နိုင်ငံ အနောက် မြောက် ဘက်ဆီ ကို ရွေ့လျား ဖြတ်သန်း နေပြီ ဖြစ်ပါ တယ်။

မုန်တိုင်း ကုန်းတွင်း စဝင်တဲ့ ဖိလစ်ပိုင် အရှေ့ဘက် ကမ်းမှာတော့ သစ်ပင်တွေ ပြိုလဲ နေပြီးတော့ လျှစ်စစ် ဓာတ်အား တိုင်တွေနဲ့ မီးတိုင်တွေ လည်း လဲပြိုနေ ပါတယ်။

အဲဒီ အရှေ့ဘက် ကမ်းက နယ်တနယ် ဖြစ်တဲ့ တက်ကလက်ဘန် ဘက်မှာ ဆိုရင် မုန်တိုင်း ဖြတ်သွားပြီ ဖြစ်လို့ တနင်္ဂနွေ နေ့မှာတော့ လေတွေ မငြိမ်သေးတဲ့ ကြားကပဲ၊ လူတွေဟာ သူတို့ အိမ်တွေ ကို ပြန်လာ ကြကာ အပျက် အဆီး တွေကို ရရာ ပစ္စည်းတွေ နဲ့ ဖာထေး ပြုပြင် နေကြ ပါတယ်။

တိုင်ဖုန်း Hagupit ဟာ ဒေသ အခေါ် အရ ဆိုရင်တော့ ပတ္တမြားလို့ အဓိပ္ပါယ် ရတဲ့ မုန်တိုင်း ဖြစ်ပြီး၊ မုန်တိုင်း အရှိန်ဟာ လေတိုက်နှုန်း တနာရီ ၁၀၉ မိုင် ကနေ မိုင် ၁၃၀ အထိ ပြင်းထန်ခဲ့ ပါတယ်။

တိုက်ဖုန်း မုန်တိုင်း လာမယ် ဆိုတဲ့ အတွက် လူပေါင်း ၅ သိန်းလောက် ဟာ သူတို့ ရွာတွေ ကနေ ဘေးလွတ်ရာ ကို ရှောင်ခဲ့ရ ပါတယ်။

ဒီအတွက် တက်ကလက်ဘန် ဒေသ ဘက်မှာတော့ လူ အသေ အပျောက် မရှိခဲ့ကြောင်းနဲ့ မနှစ်က တိုက်ခဲ့တဲ့ ဟိုင်ယန် မုန်တိုင်း လောက် လေတိုက်တာ ဆိုးရွား ခဲ့ပေမယ့် ဟိုင်ယန် တုန်း က မုန်တိုင်း အပြီး ၅ မီတာ လောက် ရေ တက်ခဲ့တဲ့ အတွက် အခုထက် ပို ဆိုးဆိုး ရွားရွား ဖြစ်ခဲ့တယ် လို့ ဘီဘီစီ သတင်းထောက် ရုပတ် ဝင်းဖီးလ်ဟေး က တက်ကလက်ဘန် က နေ သတင်း ပေးပို့ခဲ့ပါတယ်။

မနှစ်က ဟိုင်ယန် တိုင်ဖုန်း မုန်တိုင်း ကြောင့် ဖိလစ်ပိုင် ပြည်သူ ၇၀၀၀ သေဆုံး ပျောက်ဆုံး ခဲ့ရတာကြောင့် ဒါကို သင်ခန်းစာ ယူပြီး အခုနှစ် Hagupit မုန်တိုင်း မလာခင် တာဝန်ရှိ သူတွေ အပိုင်း က သေသေ ချာချာ ပို ပြင်ဆင်မှု ရှိခဲ့တာ၊ လူတွေ ကို ဘေးလွတ်ရာ ကို အရင်နှစ် က ထက် ပိုရွှေ့ ပေးနိုင်တာ တွေ ကလည်း အခုလို လူတွေ သက် သာရရ ခဲ့ကြဖို့ ဖြစ်စေ ခဲ့တယ် ဆိုတဲ့ သုံးသပ် ချက်တွေ လည်း ထွက်လာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ