အစ္စရေး​က လေ​ကြောင်း တိုက်ခိုက်​ခဲ့​တယ်​လို့ ဆီး​ရီး​ယား ပြော

  • 7 ဒီဇင်ဘာ 2014
_syria_esad ဓာတ်ပုံ မူပိုင် PARIS MATCH
Image caption ဆီးရီးယား ပြည်တွင်းစစ် ကာလမှာ အစ္စရေး ကနေ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့။

ဆီးရီးယား မြို့တော် ဒမတ်စကပ်စ် အနီးမှာ အစ္စရေးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ် ခဲ့တယ်လို့ ဆီးရီးယား က စွပ်ဆွဲ လိုက်ပါတယ်။

အဲဒီ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် နိုင်ငံတကာ လေဆိပ် အနီးက နေရာကို ထိမှန် ခဲ့သလို၊ ဒီမတ်စ် လို့ ခေါ်တဲ့ မြို့တော် အနောက်မြောက်ဘက် လက်ဘနွန် နယ်စပ် အနီးက မြို့ကိုလည်း ထိမှန် ခဲ့ကြောင်း ဆီးရီးယား စစ်ဘက် က ပြောပါတယ်။

ဒီ တိုက်ခိုက် မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီး ဆုံးရှုံးမှု ရှိပေမယ့် လူ အသေ အပျောက်တော့ မရှိ ခဲ့ဘူးလို့ ဆိုပါတယ်။

ဆီးရီးယားပိုင် ရုရှားလုပ် လေယာဉ်ပစ် ဒုံးကျည်တွေ အမြောက်အများ ထားရှိရာ နေရာတွေ ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

အစ္စရေးဘက် ကတော့ ဘယ်လို မှတ်ချက်မျိုး မှ မပြု ခဲ့ပေမယ့်၊ အခု ဖြစ်ပေါ်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ် ကာလအတွင်း အစ္စရေးက ဆီးရီးယား ထဲမှာ လေကြောင်း တိုက်ခိုက်မှု တွေ အကြိမ်ရေ အတော်များများ ပြုလုပ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ