ကမ္ဘာ့အကြီးဆုံး တရုတ် ကုန်တင်သင်္ဘာ ဥရောပကို ထွက်ခွာ

  • 8 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကွန်တိန်နာ နှစ်သောင်းခန့် တင်ဆောင်နိုင်တဲ့ ကုန်တင် သင်္ဘော CSCL Globe

သံမဏိ ကွန်တိန်နာ ကုန်သေတ္တာ ပေါင်း နှစ်သောင်း လောက်ကို တင်ဆောင် နိုင်တဲ့ ကမ္ဘာ့ အကြီးဆုံး ကုန်တင် သင်္ဘောကြီးဟာ တရုတ် နိုင်ငံကနေ ဥရောပကို စတင် ထွက်ခွာ သွားခဲ့ပါတယ်။

အဲဒီ တရုတ် ကုန်တင် သင်္ဘောကြီးဟာ မီတာ ၄၀၀ အရှည် ရှိပြီး လေယာဉ်တင် သင်္ဘော ထက်လည်း အရွယ်အစား ကြီးမားပါတယ်။

ဒီသင်္ဘောကြီးဟာ ရှန်ဟိုင်း ကုမ္ပဏီ တစ်ခုက အပ်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ ဟွန်ဒိုင်း ကုမ္ပဏီက တည်ဆောက် ခဲ့တဲ့ ဧရာမ သင်္ဘော ၅ စီးထဲက ပထမဆုံး တစ်စီး ဖြစ်ပါတယ်။

CSCL Globe လို့ ခေါ်တဲ့ အဲဒီ သင်္ဘောကြီးကို အသုံးပြုပြီး တရုတ် နိုင်ငံရဲ့ ပို့ကုန်တွေကို ပြည်ပ နိုင်ငံတွေဆီ တင်ပို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ