ဖိလစ်ပိုင် Hagupit တိုင်ဖွန်းကြောင့် ၂၁ ဦး သေဆုံး

  • 8 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဘေးကင်းဖို့ နေရပ် စွန့်ခွာသူတွေ အိမ်ပြန်နေကြ

ဖိလစ်ပိုင် နိုင်ငံမှာ Hagupit တိုင်ဖွန်း မုန်တိုင်း ဖြတ်သန်း တိုက်ခိုက်ရာမှာ လူ ၂၁ ယောက် သေဆုံး ခဲ့ရပါတယ်။

သေဆုံးသူ အတော်များများဟာ မုန်တိုင်း စတင် ဝင်ရောက် ခဲ့တဲ့ Samar ပြည်နယ်မှာ ရေကြီးတဲ့ အတွက် ရေနစ် သေဆုံး ခဲ့ကြရတာ ဖြစ်ပါတယ်။

အခုတော့ တိုင်ဖွန်း မုန်တိုင်းဟာ အားပျော့သွားပြီး မနီလာ မြို့တော် ဘက်ဆီကို ဦးတည် နေပါတယ်။

တိုင်ဖွန်း မုန်တိုင်း မတိုက်ခင် အချိန်ကတည်းက ကယ်ဆယ်ရေး အစီအစဉ်တွေကို လုပ်ဆောင် ထားခဲ့ပြီးထိခိုက် သေဆုံးသူ အရေအတွက်ကို လျှော့ချ နိုင်ခဲ့တယ်လို့ မုန်တိုင်း ကယ်ဆယ်ရေး အေဂျင်စီတွေနဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ဘေးကင်းရာ စွန့်ခွာခဲ့ကြသူ အတော်များများလည်း အခုတော့ နေရပ်ကို ပြန်နေကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ