အဓမ္မမှုကြောင့် Uber တက္ကစီ လုပ်ငန်းကို ဒေလီမှာ ပိတ်

  • 8 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption တက္ကစီ ယာဉ်မောင်းကို ရုံးထုတ်ဖို့ ခေါ်လာစဉ်။

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော်မှာ တက္ကစီကား မောင်းသမားက အမျိုးသမီး ခရီးသည် တစ်ယောက်ကို အဓမ္မ ပြုကျင့်တယ်လို့ စွပ်စွဲမှု ပေါ်ထွက် လာခဲ့ပြီး နောက်တစ်နေ့မှာ အဲဒီ Uber ဆိုတဲ့ နိုင်ငံတကာ တက္ကစီကား လုပ်ငန်းကို အာဏာပိုင်တွေက တားမြစ် ပိတ်ပင် လိုက်ပါတယ်။

သောကြာနေ့က ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဟာ စားသောက်ဆိုင်ကနေ အိမ်ပြန်ဖို့ Uber တက္ကစီ လုပ်ငန်းရဲ့ မိုဘိုင်း app ကို သုံးပြီး အငှားကား ခေါ်ခဲ့ရာမှာ ယာဉ်မောင်းက သူ့ကို လူရှင်းတဲ့ နေရာ ခေါ်သွားပြီး အဓမ္မ ပြုကျင့်ခဲ့တယ်လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။

အဲဒီ တက္ကစီ ယာဉ်မောင်း အမျိုးသားကို တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ပြီး တနင်္လာနေ့မှာ စတင် ရုံးထုတ် စစ်ဆေးနေပါတယ်။

မိုဘိုင်း app ကနေ ညှိနှိုင်း စျေးနှုန်းနဲ့ တက္ကစီ ခေါ်ယူတဲ့ Uber ဆိုတဲ့ လုပ်ငန်းကို အမေရိကန် ပြည်ထောင်စုမှာ စတင်ခဲ့တာ ဖြစ်ပြီး အခုတော့ ကမ္ဘာတဝန်းက မြို့ အများအပြားမှာ သုံးနေကြပါတယ်။

ဒီဝန်ဆောင်မှုဟာ အိန္ဒိယမှာ အတော်အသင့် စျေးကြီးတယ်လို့ ဆိုနိုင်ပေမယ့် လူငယ် ပညာတတ်တွေ ကြားမှာ ရေပန်းစားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ