ဝီဂါ ကျောင်းဆရာရဲ့ တပည့်တွေကို တရုတ် ထောင်ချ

ဓာတ်ပုံ မူပိုင် AP
Image caption တစ်သက်တစ်ကျွန်း ချခံရတဲ့ ဝီဂါလူမျိုး ကျောင်းဆရာ Ilham Tohti

တရုတ်နိုင်ငံမှာ ခွဲထွက်ရေး လှုပ်ရှားခဲ့မှု စွဲချက်နဲ့ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံခဲ့ရတဲ့ ဝီဂါလူမျိုး အထင်ကရ ကျောင်းဆရာ Ilham Tohti ရဲ့ တပည့် ကျောင်းသား ၇ ဦး ကိုလည်း ထောင်ဒဏ်တွေ ချမှတ် လိုက်တယ်လို့ တရုတ် သတင်းစာမှာ အတည်ပြု ဖော်ပြလိုက်ပါတယ်။

ရှင်ဂျန်း ပြည်နယ်က ကျောင်းဆရာ Ilham Tohti နဲ့ အတူ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ အဲဒီ ကျောင်းသားတွေကို ထောင်ဒဏ် ၃ နှစ် ကနေ ၈ နှစ် အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ တရုတ် ကွန်မြူနစ် ပါတီပိုင် The Global Times သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

Ilham Tohti ဟာ ရှင်ဂျန်း ပြည်နယ်မှာ နေထိုင်နေတဲ့ ဝီဂါ လူမျိုးစုအတွက် အခွင့်အရေးတွေ ပိုပေးဖို့ တောင်းဆိုတဲ့ ဝက်ဘ်ဆိုက် တစ်ခု ဖွင့်ခဲ့အပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ် ခံခဲ့ရတာပါ။

မစ္စတာ တိုထီကို ရုံးတင် စစ်ဆေးမှု သတင်းဟာ တရုတ်နိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပေမယ့် သူ့တပည့်တွေကို တရားစွဲဆို အပြစ်ပေးခဲ့တဲ့ ကိစ္စကတော့ လူမသိ သူမသိ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ