စီအိုင်အေရဲ့ ညှဉ်းပမ်း စစ်ဆေးမှု အစီရင်ခံစာ ထွက်ဖို့ရှိ

  • 9 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption စီအိုင်အေရဲ့ ညှဉ်းပမ်း စစ်ဆေးတယ်လို့ အငြင်းပွားရတဲ့ စစ်ကြောရေး နည်းစနစ်တွေကို ထုတ်ပြန်မယ်

အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ရက် အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရပြီး နောက်ပိုင်း ကျင့်သုံးခဲ့တဲ့ စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ရဲ့ အငြင်းပွားဖွယ်ရာ စစ်ကြောရေး နည်းစနစ်တွေနဲ့ ပတ်သက်လို့ ထုတ်ဖော်မယ့် အစီရင်ခံစာကို အမေရိကန် ဆီးနိတ် လွှတ်တော်က မကြာခင် နာရီပိုင်း အတွင်း ထုတ်ပြန်ဖို့ ရှိပါတယ်။

ဆီးနိတ် လွှတ်တော်ရဲ့ ကော်မတီက ပြုစုတဲ့ မူရင်း အစီရင်ခံစာဟာ စာမျက်နှာ ၆၀၀၀ ကျော် ရှိပေမယ့် အဲဒီ မူရင်း အစီရင်ခံစာကို ဆက်လက် လျှို့ဝှက် ထားမှာ ဖြစ်ပြီး စာမျက်နှာ ၄၈၀ ပါတဲ့ အကျဉ်းချုပ် အစီရင်ခံစာ ကိုသာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာ အကျဉ်းချုပ်ထဲမှာ အမေရိကန် သမ္မတ ဘွတ်ရှ် လက်ထက်က စတင် ကျင့်သုံးခဲ့တဲ့ လျှို့ဝှက် စီမံကိန်းရဲ့ တစိတ်တဒေသ အဖြစ် အယ်လ်ကိုင်ဒါ လို့ မသင်္ကာသူ အကျဉ်းသားတွေ အပေါ် စီအိုင်အေက နှိပ်စက် ညှင်းပန်း စစ်ဆေးတယ်လို့ ယူဆနိုင်တဲ့ စစ်ကြောပုံ အသေးစိတ်ကို ဖော်ပြ ထားမယ်လို့ သိရပါတယ်။

ဒီ အစီရင်ခံစာ မထုတ်ပြန်မီမှာ ကမ္ဘာ အနှံ့မှာ ရှိတဲ့ အမေရိကန် သံရုံးတွေနဲ့ အခြေစိုက် စခန်းတွေမှာ လုံခြုံရေးတွေ တိုးမြှင့် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ