ဆီး​ရီး​ယား ဒုက္ခ​သည်တွေကို အနောက်​နိုင်ငံ​တွေ​မှာ တိုး​မြှင့် လက်ခံ​မယ်။

  • 9 ဒီဇင်ဘာ 2014
syria_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား ဒုက္ခသည် ၃ သန်းထဲက အများစုဟာ အိမ်နီးချင်း နိုင်ငံတွေထဲမှာ ခိုလှုံ နေကြရပါတယ်။

ဆီးရီးယား နိုင်ငံက ဒုက္ခသည် တွေကို အနောက် နိုင်ငံတွေ ကနေ အရေအတွက် တိုးမြှင့် လက်ခံဖို့ သဘော တူခဲ့ကြတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ရှေ့ လာမယ့် လတွေ အတွင်း ဆီးရီးယား ဒုက္ခသည်ပေါင်း ၁ သိန်း အထိ တိုးမြှင့် လက်ခံ သွားဖို့ ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး မှာ သက်ဆိုင်ရာ နိုင်ငံတွေ က ပြောခဲ့ကြတယ် ဆိုပြီး UNHCR က ဆိုပါတယ်။

အနောက် နိုင်ငံတွေ မှာ လက်ရှိ လက်ခံ ထားတဲ့ ၆ သောင်း ၂ ထောင် အရေအတွက် နဲ့ စာရင် သိသိသာသာ တိုးတက် လက်ခံ လာမှာ ဖြစ်ပေမယ့်၊ ကယ်ဆယ်ရေး အဖွဲ့တွေက တောင်းဆို ထားတဲ့ အရေအတွက် အောက်တော့ အများကြီး လျော့နည်း နေပါသေး တယ်။

ဆီရီးယား ပြည်တွင်းစစ် ကနေ ထွက်ပြေး လာကြရတဲ့ ဒုက္ခသည် ၃ သန်း ဝန်းကျင်ထဲက အများစုဟာ အိမ်နီးချင်း လက်ဘနွန်၊ တူရကီ နဲ့ ဂျော်ဒန် နိုင်ငံ တွေထဲမှာ ခိုလှုံ နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ