နိုဘယ် ငြိမ်းချမ်းရေးဆုကို မာလာလာ ပူးတွဲ လက်ခံ

  • 10 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မာလာလာနဲ့ မစ္စတာ ဆတ်တီယာသီ နိုဘယ် ငြိမ်းချမ်းဆု ပူးတွဲ လက်ခံစဉ်

၂၀၁၄ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ပူးတွဲ ဆုရှင် ၂ ဦး ဖြစ်တဲ့ ပါကစ္စတန်က ပညာရေးအတွက် လှုပ်ရှားသူ Malala Yousafzai နဲ့ အိန္ဒိယက ကလေး အခွင့်အရေး လှုပ်ရှားသူ Kailash Satyarthi တို့ဟာ နော်ဝေနိုင်ငံ အော်စလို မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဆုလက်ခံ ယူခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က တာလီဘန်တို့ရဲ့ သေနတ်နဲ့ ပစ်တာကို ခံခဲ့ရတဲ့ ပါကစ္စတန် ကျောင်းသူလေး မာလာလာ ယူစွတ်ဇေ ဟာ နိုဘယ်ဆု အပ်နှင်းခံရတဲ့ အငယ်ဆုံး ဆုရှင် ဖြစ်လာပါတယ်။

ဆုအပ်နှင်းပွဲ မတိုင်ခင် ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မာလာလာက သူ ပညာရေး ဆုံးခန်းတိုင် သင်ယူပြီးရင် ပါကစ္စတန် နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း၊ ကလေးငယ်တိုင်း စာသင်ကျောင်းမှာ ပညာသင်ကြားနိုင်ဖို့ တိုက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ပူးတွဲ ဆုရှင် မစ္စတာ ဆတ်တီယာသီ ကလည်း အခု ရရှိတဲ့ ဆုဟာ ကလေးငယ်တွေရဲ့ အခွင့်အရေး အတွက် လုပ်ဆောင်တဲ့ သူ့ ဆောင်ရွက်ချက် တွေကို ဆက်လုပ်ဖို့ မဟာ အခွင့်အရေး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ