ပါ​လက်စ​တိုင်း ဝန်ကြီး သေ​ဆုံး​တဲ့ အပေါ် ဝမ်းနည်း​ကြောင်း အစ္စရေး ကာ​ကွယ်​ရေး ဝန်ကြီး ပြော

  • 10 ဒီဇင်ဘာ 2014
_ziad_abu_ein ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီး အဘူအင် သေဆုံးမှုကို အစ္စရေးတို့က စုံစမ်းနေကြောင်း ပြောပါတယ်။

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသမှာ ပါလက်စတိုင်း ဆန္ဒပြပွဲ တစ်ခု အတွင်း၊ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ နဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့ ပြီးတဲ့နောက်၊ ပါလက်စတိုင်း အစိုးရ ဝန်ကြီး Ziad Abu Ein သေဆုံး ခဲ့ရတဲ့ အပေါ် ဝမ်းနည်း ရပါကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး Moshe Yaalon က ပြောခဲ့ပါတယ်။

အဲဒီ့ အဖြစ်အပျက်နဲ့ ပတ်သက် ပြီးတော့ စုံစမ်းမှုတွေ လည်း လုပ်ဆောင် နေပါကြောင်း မစ္စတာ Yaalon က ဆိုပါတယ်။

ပါလက်စတိုင်း တွေရဲ့ သံလွင်ပင်တွေ စိုက်ပျိုးပြီး ဆန္ဒပြကြတဲ့ ပွဲမှာ၊ ဝန်ကြီး Abu Ein ရဲ့ လည်ပင်းကို အစ္စရေး နယ်ခြားစောင့် ရဲက ဆုပ်ကိုင် ထားတာကို ဗီဒီယို ထဲမှာ တွေ့ရပါတယ်။

အဲဒီ့ နောက်ပိုင်း ဝန်ကြီး Abu Ein ဟာ၊ သူ့ရဲ့ ရင်ဘတ်ကို သူဖိပြီး လဲကျသွား ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး Abu Ein သေဆုံး ခဲ့ရမှုနဲ့ ပတ်သက်ပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်က၊ အစ္စရေးဘက်က အခုလို ကျူးလွန်မှုဟာ အရိုင်းအစိုင်း တွေရဲ့ အပြုအမူမျိုး ဖြစ်တယ် ဆိုပြီး ရှုတ်ချလိုက်သလို၊ ဒီလို အပြုအမူကို သည်းခံမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း ကလည်း အခုလို ဝန်ကြီး Abu Ein ရက်ရက်စက်စက် သေဆုံး သွားခဲ့ ရတဲ့ အပေါ် သူ့ အနေနဲ့ အလွန်မှ စိတ်ထိခိုက် ရကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ