အနောက်ဘက်ကမ်း ဆန္ဒပြမှုမှာ ပါလက်စတိုင်း ဝန်ကြီး သေဆုံး

  • 10 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပါလက်စတိုင်း ဝန်ကြီး Ziad Abu Ein ကို အစ္စရေး ရဲတွေက တားဆီးနေစဉ်။

အနောက်ဘက် ကမ်းက ဆန္ဒပြမှု တစ်ခုမှာ အစ္စရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့စဉ် အတွင်း ပါလက်စတိုင်း ဝန်ကြီး တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဗီဒီယို ထဲမှာ ပါလက်စတိုင်း ဝန်ကြီး Ziad Abu Ein ဟာ သူ့ရင်ဘတ်ကို ဖိကိုင်ရင်း လဲကျသွားတာ တွေ့ရပါတယ်။

မျက်မြင်သက်သေ တချို့ ကတော့ သူဟာ မျက်ရည်ယို ဗုံးဆံ ထိမှန်တာလို့ ပြောကြသလို တချို့ကတော့ သူ့ကို အစ္စရေး စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ပြီး တွန်းထိုးခဲ့တာလို့ ပြောကြပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ အစ္စရေး စစ်တပ်က စုံစမ်း စစ်ဆေးမယ်လို့ ပြောပါတယ်။

မစ္စတာ Ziad Abu Ein သေဆုံးရမှုမှာ သူ့ရဲ့ ကျန်းမာရေး အခြေ အနေကြောင့်လည်း တစိတ်တပိုင်း ပါတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် ကတော့ အခုလို သူ့ဝန်ကြီး သေဆုံးရမှုဟာ ရိုင်းစိုင်းတဲ့ ပြုမူချက်ကြောင့် ဖြစ်တယ်လို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ