ဟောင်ကောင် အဓိက သပိတ်စခန်းကို ရှင်းလင်းပြီ

  • 11 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မရှင်းလင်းမီ ဆန္ဒပြသူတွေ ထွက်ခွာဖို့ နာရီဝက် အချိန်ပေးခဲ့

ဟောင်ကောင်မှာ ၂ လကျော် ကြာအောင် စခန်းချ ဆန္ဒပြနေခဲ့တဲ့ Admiralty အရပ်က အဓိက သပိတ်စခန်းကို တရားရုံးရဲ့ အမိန့်နဲ့ ရဲတွေက စတင် ရှင်းလင်းနေပြီး ဆန္ဒပြ သမားတွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

သပိတ်စခန်းကို ရဲတွေ မရှင်းလင်းမီ ဆန္ဒပြသူတွေ ထွက်ခွာဖို့ နာရီဝက် အချိန်ပေးရာမှာ အများအပြားက ထွက်ခွာ ခဲ့ကြပေမယ့် အချို့ကတော့ ထွက်ခွာဖို့ ငြင်းဆန်ကြတဲ့ အတွက် အဖမ်း ခံခဲ့ကြရပါတယ်။

ကြာသပတေးနေ့ မနက် အစောပိုင်းမှာ စတင်ခဲ့တဲ့ အခုလို သပိတ်စခန်း ရှင်းလင်းမှုဟာ ၂ လကျော်ကြာ ရှိနေခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ နိဂုံးအဖြစ် လူအများက ယူဆ ကြပါတယ်။

စက်တင်ဘာလက စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေမှာ အစောပိုင်းက လူ သိန်းနဲ့ချီ ပါဝင် ခဲ့ကြပေမယ့် နောက်ပိုင်းမှာ အရေအတွက် တဖြည်းဖြည်း လျော့နည်း လာခဲ့ပါတယ်။

၂၀၁၇ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရာမှာ အပြည့်အဝ လွတ်လပ်မှုရဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

တရုတ် အစိုးရကတော့ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ လူတိုင်း မဲပေးခွင့် ရှိပေမယ့် ရွေးကောက်ခံမယ့် အုပ်ချုပ်ရေးမှူး လောင်းတွေကိုတော့ ဘေဂျင်းမှာရှိတဲ့ ကော်မတီက ဆန်ခါတင် ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ