စစ်သွေးကြွတွေ လက်ချက်နဲ့ နိုဝင်ဘာမှာ လူ ၅၀၀၀ ကျော် သေ

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ဂျီးရီးယားနိုင်ငံ ကာနိုမြို့ ဗလီအနီး ဗုံးခွဲ တိုက်ခိုက်မှုမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ရ

ဂျီဟတ်ဒစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှု တွေကြောင့် နိုဝင်ဘာ တစ်လတည်းမှာ ကမ္ဘာအနှံ့ လူ ၅ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ ဘီဘီစီက ပြုလုပ်တဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။

အီရတ်၊ နိုင်ဂျီးရီးယား၊ အာဖဂန် နစ္စတန်နဲ့ ဆီးရီးယား နိုင်ငံ ၄ နိုင်ငံမှာ အသေအပျောက် အများဆုံး ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း အရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

နိုဝင်ဘာလ အတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ အစွန်းရောက် စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ အကြမ်းဖက် တိုက်ခိုက်မှု ၆၆၄ ခု ဖြစ်ခဲ့ပြီး၊ သေဆုံးသူ အရေအတွက်ဟာ ပျမ်းမျှအားဖြင့် တစ်နာရီကို လူ ၇ ယောက်နှုန်း ရှိခဲ့တယ်လို့ အဲဒီ စစ်တမ်းက ဆိုပါတယ်။

အီရတ်နဲ့ ဆီးရီးယား ၂ နိုင်ငံမှာ အစ္စလာမ္မစ် နိုင်ငံ တပ်တွေရဲ့ လက်ချက်နဲ့ နိုဝင်ဘာလ အတွင်း လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ