ရဲတွေရဲ့ အကြမ်းဖက်မှု အပေါ် ဆန္ဒပြချီတက်ပွဲ ဝါရှင်တန်မှာ လုပ်

  • 14 ဒီဇင်ဘာ 2014
ferguson_white_house_protest ဓာတ်ပုံ မူပိုင် AFP
Image caption ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲ တွေဟာ၊ စာအုပ်ထဲမှာပဲ ပြောင်းရုံနဲ့ မပြီးပဲ၊ လမ်းတွေ ပေါ်မှာပါ သက်ရောက်ဖို့ လို။

အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ကြမ်းကြုတ် ရက်စက်မှုတွေ အပေါ် ကန့်ကွက်တဲ့ အနေနဲ့၊ မြို့တော် ဝါရှင်တန်မှာ လူတွေ ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

အမေရိကန် ရဲတပ်ဖွဲ့က လက်နက်မဲ့ လူမည်း အမျိုးသားတွေကို သတ်ဖြတ် ခဲ့မှုတွေ ဖြစ်ပေါ် လာခဲ့အပြီး၊ အခုလို ဆန္ဒပြမှု ဖြစ်ပေါ်လာတာပါ။

ရာသီဥတု အအေးဒဏ်ကြားထဲကပဲ ဆန္ဒပြသူတွေဟာ ‘ အမည်းတွေရဲ့ အသက်လည်း အရေးပါတယ်’ ဆိုပြီး ရေးသား ထားတဲ့ ဆိုင်းဘုဒ်တွေနဲ့၊ ‘လူမျိုးရေး ခွဲခြားတဲ့ ရဲတွေ ရပ်တန့်ကြ’ ဆိုတဲ့ ဆိုင်းဘုဒ်တွေကို ကိုင်ဆောင် ချီတက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ရုံးစိုက်ရာ ဆီကို ဦးတည် ချီတက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့၊ နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူ Al Sharpton ကတော့၊ အခြေအနေ တွေ တိုးတက်ဖို့ဆိုရင် ဥပဒေပိုင်း ဆိုင်ရာ အပြောင်း အလဲ တွေဟာ စာအုပ်ထဲ မှာပဲ ပြောင်းရုံနဲ့ မပြီးပဲ လမ်းတွေ ပေါ်မှာပါ သက်ရောက် ဖို့ လိုတယ် ဆိုတာကို ကွန်ဂရက်စ် နဲ့ အစိုးရ သိဖို့ လိုတယ် ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ