စီးပွား​ရေး ပြောင်းလဲ​မှု​တွေ ဆက်​လုပ်​မယ်​လို့ ဂျပန် ဝန်ကြီး​ချူပ် ပြော

  • 14 ဒီဇင်ဘာ 2014
shinzo_abe ဓာတ်ပုံ မူပိုင် AP
Image caption လူတွေ အတွက် အကျိုးအမြတ် ဖန်တီး ပေးနိုင်တဲ့ အခြေအနေ ရောက်တဲ့ အထိ ဆောင်ရွက်မယ် ဆိုပြီး ဝန်ကြီးချူပ် အာဘေး ပြော။

အချိန် မတိုင်ခင် စောစီးစွာ ကျင်းပခဲ့တဲ့ ဂျပန် ရွေးကောက်ပွဲ မှာ ဝန်ကြီးချူပ် ရှင်ဇိုအာဘေး ဦးဆောင်တဲ့ ညွန့်ပေါင်း အုပ်စုကပဲ ပါလီမန် အောက် လွှတ်တော် ရဲ့ နေရာ အများစု ၃ပုံ ၂ပုံကို ဆက်လက် ရရှိ ခဲ့ပါတယ်။

မဲပေးပိုင်ခွင့် ရှိသူတွေ ထဲက ၅၂ % ပဲ မဲလာ ပေးခဲ့ကြတာ ဖြစ်လို့၊ ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အနည်းဆုံး ပမာဏပဲ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံရဲ့ စီးပွားရေးကို အခြေခံကျကျ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဝန်ကြီးချူပ် အာဘေးဟာ နောက်ထပ် ဝန်ကြီးချူပ် သက်တမ်း ရရှိဖို့ အတွက် အတိုက်အခံတွေ အားနည်းနေချိန်မှာ ရွေးကောက်ပွဲကို အခုလို အချိန် မတိုင်ခင် စောပြီး ကျင်းပဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

အာဘေးနည်းကျ စီးပွားရေး မူ ဝါဒလို့ ခေါ်တဲ့ သူ့ရဲ့ စီးပွားရေး ပြင်ဆင်မှု မူဝါဒတွေ အကောင်အထည် ပေါ်လာဖို့ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပြီး ဝန်ကြီးချူပ် အာဘေးက ပြောပါတယ်။

မစ္စတာ အာဘေးရဲ့ မူဝါဒတွေဟာ တိုင်းပြည်ကို လက်ျာ နိုင်ငံရေး လမ်းကြောင်းပေါ်ကို ပိုပြီး ဆွဲခေါ်သွားခြင်း မျိုးနဲ့ ဂျပန် နိုင်ငံရဲ့ စစ်ဆန့်ကျင်ရေး အခြေခံ ဥပဒေကို ထိခိုက် လာနိုင်မလား ဆိုပြီး အတိုက်အခံတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ် လို့ ဘီဘီစီရဲ့ တိုကျို သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ