ဂျပန် ပါလီမန် ရွေးကောက်ပွဲ ပြီးစီး

  • 14 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက် အခံ ပါတီ တွေ အနေနဲ့ ပြင်ဆင်ချိန် သီတင်း ၃ ပတ်သာ ရှိခဲ့ ပါတယ်

ဂျပန် နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပ ပြီးစီးသွား ပြီ ဖြစ်ရာ၊ လက်ရှိ ဝန်ကြီးချုပ် ရှင်ဇို အာဘေး ရဲ့ လစ်ဘရယ် ဒီမို ကရက်တစ် ပါတီ LDP အနိုင် ရမယ်လို့ မျှော်လင့်ရ ပါတယ်။

ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကတော့ ဂျပန် နိုင်ငံ ရဲ့ စီးပွားရေး ဦးမော့ လာစေရေး အတွက် ရည်စူးပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ လိုက်တာပါ။

ဒီရွေးကောက်ပွဲ ကို ပြီးခဲ့တဲ့ သီတင်း သုံးပတ် က မှ ကျင်းပမယ့် အကြောင်း ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ကြေညာ လိုက်တဲ့ အတွက် အတိုက် အခံ ပါတီ တွေ အနေနဲ့ ပြင်ဆင်ချိန် နည်းပါး သွားခဲ့ ပါတယ်။

အတိုက် အခံတွေ မဲဆွယ်ချိန် နည်းသွားတာရယ်၊ ပါလီမန်ထဲ မှာလည်း အာဏာရ LDP က အမတ် နေရာ ၄၇၂ နေရာ ရှိနေပြီး၊ အတိုက် အခံ ဘက်က ၁၉၈ နေရာ ပဲ ရှိတာကြောင့် ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဦးဆောင်တဲ့ အာဏာရ LDP ပါတီပဲ အနိုင် ရဖို့ ရှိသွား တာပါ။

မဲ ဆန္ဒရှင်တွေ ဘက်ကတော့ စိတ်ဝင်စားမှု ကင်းမဲ့ ကြတဲ့ အထဲ၊ အေးလွန်းတဲ့ ရာသီ ဥတု ဒဏ်ကြောင့် မဲဆန္ဒရှင် ၅ ယောက် မှာ တယောက်ပဲ မဲလာ ထည့်ခဲ့ ပါတယ်။

ဒီရွေးကောက်ပွဲ မှာ ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဦးဆောင်တဲ့ အာဏာရ LDP ပါတီပဲ အနိုင်ရဖို့ များတဲ့ တိုင်အောင်၊ သူတို့ အပေါ်မှာ ပြည်သူက အားထား တဲ့ အသွင် မမြင် ကြောင်း Tokyo မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။