အတိုက်​အခံ မီ​ဒီ​ယာ​အပေါ် နှိပ်ကွပ်​တဲ့ တူရကီ​ကို အီး​ယူ ဝေဖန်

  • 14 ဒီဇင်ဘာ 2014
_turkey_operation_media_zaman ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ပ အခြေစိုက် အတိုက်အခံ ခေါင်းဆောင်နဲ့ နီးစပ်တဲ့ သတင်းဌာနကို တူရကီ ရဲတွေက ဝင်ရောက် စီးနင်း ခဲ့ကြပါတယ်။

တူရကီ ရဲတပ်ဖွဲ့က အတိုက်အခံ မီဒီယာတွေ အပေါ် ကျူးလွန် နေတာတွေဟာ ဥရောပက လက်ခံထားတဲ့ တန်ဖိုးတွေ နဲ့ ဆန့်ကျင်နေတယ် ဆိုပြီး ဥရောပ သမဂ္ဂ EU က တူရီကီကို သတိ ပေးလိုက်ပါတယ်။

တူရကီဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစား နေတဲ့ နိုင်ငံ ဖြစ်ပါ တယ်။

အမေရိကန် အခြေစိုက် တူရကီ အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Fethullah Gulen နဲ့ နီးစပ်တဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ မီဒီယာ ကို၊ တူရကီရဲတွေက ဒီဇင်ဘာ ၁၄ ရက်နေ့က ဝင်ရောက် စီးနင်း ခဲ့ကြပြီး၊ ဝန်ထမ်း ၂၀ ကျော် အဖမ်း ခံခဲ့ရပါတယ်။

ဒီ အပြုအမူဟာ မီဒီယာ လွတ်လပ်ခွင့် ကို ချိုးဖောက် တာ ဖြစ်တယ် ဆိုပြီး EU ရဲ့ နိုင်ငံခြားရေးရာ ဌာနက ထုတ်ပြန် လိုက်တဲ့ စာထဲမှာ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ