သေနတ်သမားနဲ့ သြစတြေးလျ ရဲတို့ ညှိနှိုင်းဆဲ

  • 15 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဆိုင်ထဲက လူ ၅ ယောက် ကတော့ ထွက်ပြေး လွတ်မြောက် လာ

သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့က ကော်ဖီဆိုင်ကို သေနတ်သမား တစ်ဦးက စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီး ထားဆဲ ဖြစ်တာကြောင့် လိုအပ်သလောက် အချိန်ယူပြီး ဆစ်ဒနီ မြို့လယ်ကို ဆက်လက် ပိတ်ဆို့ ထားမယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကော်ဖီဆိုင်ကို စီးနင်းထားတဲ့ သေနတ် သမားနဲ့ စေ့စပ် ညှိနှိုင်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ ရဲက ပြောပါတယ်။

ဒါပေမယ့် သေနတ် သမား အနေနဲ့ ဘာကို တောင်းဆိုထားလဲ၊ ဘာတွေ ပြောကြား ခဲ့ကြလဲ ဆိုတာကိုတော့ ရဲက ထုတ်ဖော် ပြောကြား ခြင်း မရှိသေးပါ။

အဲဒီ ပြန်ပေးသမား ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ ရဲက သိနေပြီ လို့လည်း ပြောပါတယ်။

ဆိုင်ထဲက လူ ၅ ယောက် ကတော့ ထွက်ပြေး လွတ်မြောက် လာတာကို တွေ့ ရပါတယ်။ ဒါပေမယ့် သူတို့ကို သေနတ် သမားက ပြန်လွှတ်ပေး လိုက်တာလား ဆိုတာ ကိုတော့ အတိ အကျ မသိရသေးပါဘူး။

ကော်ဖီဆိုင် မှန်ပြူတင်းကနေ အာရပ်စာနဲ့ ရေးထားတဲ့ အနက်ရောင် အလံ တစ်ခု ပြထားတာကို တွေ့ရပါတယ်။