သေဒဏ် အပေးခံရတဲ့ တရုတ် ဆယ်ကျော်သက် အပြစ်ကင်း

  • 15 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption Huugjiltu ရဲ့ မိဘတွေကို တရားရုံးက တောင်းပန်ပြီး လျော်ကြေးပေး

တရုတ် နိုင်ငံမှာ ရှားရှားပါးပါး ကိစ္စအဖြစ် လွန်ခဲ့တဲ့ ၁၈ နှစ်က အဓမ္မမှု၊ လူသတ်မှု တွေနဲ့ သေဒဏ်ပေး ကွပ်မျက် ခံခဲ့ရတဲ့ ဆယ်ကျော်သက် လူငယ် တစ်ဦးရဲ့ အမှုကို တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။

Huugjilt ဆိုတဲ့ အဲဒီ လူငယ်ဟာ ကွပ်မျက် ခံရချိန် လွန်ခဲ့တဲ့ ၁၈ နှစ်က သူ့ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။

အဲဒီလူငယ် အဓမ္မ ပြုကျင့်ပြီး သတ်ခဲ့တယ် ဆိုတဲ့ အမျိုးသမီးကို တကယ်တမ်းမှာ နောက် လူတစ်ဦးက သူသတ်ခဲ့တာသာ ဖြစ်တယ်လို့ ၂၀၀၅ ခုနှစ်မှာ ထုတ်ဖော် ဝန်ခံခဲ့ပြီးနောက် သူ့ အမှုကို တရားရုံးက ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကွပ်မျက် စီရင်ခံခဲ့ရတဲ့ Huugjilt ရဲ့ မိဘတွေထံ တရားရုံးရဲ့ စီရင်ချက်ကို လက်ဝယ် ပေးအပ်စဉ် တရားသူကြီးက ဦးညွှတ် တောင်းပန် ခဲ့ပါတယ်။

တရားရုံးက စာနာ ထောက်ထားတဲ့ အနေနဲ့ လျော်ကြေးငွေ ယွမ် ၃ သောင်း (ဒေါ်လာ ၄၈၅၀) ကိုလည်း Huugjilt ရဲ့ မိဘတွေကို ပေးခဲ့ပါတယ်။

အဲဒီ လူငယ်ရဲ့ အမှုဟာ ရာဇဝတ်မှု တိုက်ဖျက်ရေး စစ်ဆင် လှုပ်ရှားမှု တစ်ခု လုပ်ခဲ့စဉ် ကာလမှာ ပေါ်ပေါက် ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က အမှု အမြန် ပေါ်ပေါက်ဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ စုံစမ်း စစ်ဆေးသူတွေက ထုတ်ဖော် ဝန်ခံထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ