ဆစ်ဒနီက ကော်ဖီဆိုင်ကို ရဲတွေ ဝင်ရှင်းပြီ

  • 15 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဒဏ်ရာရသူ အများအပြား ရှိခဲ့

ဆစ်ဒနီ မြို့လယ်မှာ အီရန် နိုင်ငံသား ခိုလှုံသူ တစ်ဦး ဖြစ်သူ သေနတ်သမားက ကော်ဖီဆိုင် တစ်ဆိုင်ကို စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီး ထားရာမှာ လက်နက် အပြည့်အစုံနဲ့ သြစတြေးလျ ရဲတွေက ကော်ဖီဆိုင် အတွင်းကို ဝင်ရောက် ရှင်းလင်း ခဲ့ကြပါတယ်။

ကော်ဖီဆိုင် ဘက်ကနေ သေနတ်သံတွေ ဆက်တိုက် ပေါ်ထွက် လာပြီးနောက် ဆေးဖက် ဝန်ထမ်းတွေက လူနာစင်တွေကို သယ်ပြီး အပြေးအလွှား သွားရောက် ခဲ့ကြပါတယ်။

အခုလို ရဲတွေ ဝင်ရောက် ရှင်းလင်းရာမှာ သေနတ်သမား နဲ့အတူ ဓားစာခံ တစ်ယောက်ပါ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။

သေနတ် သမားဟာ တနင်္လာနေ့ မနက် အစောပိုင်း ကတည်းက ကော်ဖီဆိုင်ကို ဝင်စီးခဲ့တာ ဖြစ်ပြီး အမည်းရောင် အစ္စလာမစ် အလံကို ပြတင်းပေါက် အနီးမှာ ဓားစာခံတွေကို ကိုင်ခိုင်း ထားခဲ့ပါတယ်။

Man Haron Monis ဆိုတဲ့ သေနတ်သမားဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျမှာ ခိုလှုံခွင့် ရခဲ့တဲ့ အီရန် နိုင်ငံသား ဖြစ်ပြီး လက်ရှိမှာ တခြား အမှုအခင်းတွေကိုလည်း ကျူးလွန် ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ