ဖိလစ်ပိုင်မှာ လူသတ်မှုနဲ့ မရိန်းတပ်သားကို စွဲချက်တင်

  • 15 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီအမှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့

ဖိလစ်ပိုင် နိုင်ငံမှာ လိင်ပြောင်းထားတဲ့ ဖိလစ်ပိုင် လူမျိုး တစ်ဦးကို သတ်ခဲ့မှုနဲ့ အမေရိကန် မရိန်း တပ်သား တစ်ဦးကို စွဲချက် တင်လိုက်ပါတယ်။

ဒီအမှုကြောင့် အမေရိကန်နဲ့ ဖိလစ်ပိုင် နိုင်ငံအကြား စစ်ရေးအရ ဆက်ဆံမှုတွေ အပေါ် အခြေအတင် အငြင်းပွားမှုတွေ ထပ်မံ ပေါ်ပေါက်ခဲ့ပါတယ်။

အမေရိကန် မရိန်း တပ်သား Joseph Pemberton ဟာ အမျိုးသား ကနေ အမျိုးသမီး အဖြစ် လိင်ပြောင်းထားတဲ့ Jeffrey Laude ခေါ် Jennifer ဆိုသူကို ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ဟိုတယ်ခန်း တစ်ခုမှာ သတ်ခဲ့တယ် ဆိုပြီး စွဲဆို ခံရတာပါ။

အဲဒီ အချိန်တုန်းက Joseph Pemberton ဟာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင် လေ့ကျင့်နေတာ ဖြစ်ပြီး သူ့ကို ထိန်းသိမ်း ခဲ့ပြီးနောက် ဖိလစ်ပိုင်မှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

တကယ်လို့ ပြစ်မှု ထင်ရှားမယ် ဆိုရင် Joseph Pemberton ဟာ ထောင်ဒဏ် နှစ် ၄၀ အထိ ကျခံရဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ