အတိုးနှုန်း မြှင့်ပေမယ့် ရုရှား ရူဘယ်ငွေ တန်ဖိုး ဆက်ကျ

  • 16 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption အတိုးနှုန်း မြှင့်လိုက်လို့ ရုရှား စီးပွားရေး တိုးတက်နှုန်းကို ထပ် ထိခိုက်နိုင်

ရုရှားနိုင်ငံမှာ ရူဘယ်ငွေ တန်ဖိုး တည်ငြိမ်ဖို့ အတွက် ဗဟိုဘဏ်က အတိုးနှုန်းကို ၁၀.၅ % ကနေ ၁၇% အထိ တိုးမြှင့် သတ်မှတ် လိုက်ပေမယ့် အင်္ဂါနေ့ ငွေလဲလှယ် နှုန်းအရ ရူဘယ် တန်ဖိုးဟာ စံချိန်တင် ဆက်လက် ကျဆင်းခဲ့ပါတယ်။

အတိုးနှုန်း တိုးမြှင့် ကာစမှာတော့ ရူဘယ်ငွေ တန်ဖိုး အနည်းငယ် မြင့်တက် လာခဲ့ပေမယ့် အခု ပြန်လည် ကျဆင်းသွားတာ ဖြစ်ပါတယ်။

ရူဘယ် တန်ဖိုးဟာ အခုနှစ် အတွင်း အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် ၅၀ ရာနှုန်းကျော် တန်ဖိုး ကျဆင်း ခဲ့ပါတယ်။

ရေနံစိမ်း စျေးနှုန်း အကြီးအကျယ် ကျဆင်းနေတာကြောင့်ရော၊ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး အနောက် အုပ်စု နိုင်ငံတွေက ရုရှား အပေါ် ပိတ်ဆို့ ကန့်သတ်မှုတွေ လုပ်ဆောင် နေတာကြောင့်ပါ ရုရှားရဲ့ စီးပွားရေးကို အပြင်းအထန် ရိုက်ခတ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ